ချစ်သူ့ မွေးနေ့
အူဝဲ.. အူဝဲ
လောကကြီးနဲ့ မိတ်ဆက်ပေးရဦးမယ်
တစ်ချိန်မှာ ကျွန်တော့်ချစ်သူဖြစ်လာမယ့်
ကျွန်တော့်ချစ်သူပေါ့
ခစ် ခစ် ခစ် ခစ်
အော် သူက သွားမပေါက်သေးသော်လည်း
တစ်ချိန်မှာ ကျွန်တော့်ချစ်သူဖြစ်လာမယ့်
ကျွန်တော့် ချစ်သူပေါ့
ဟီးး ဟီးး ဟင်း ဟင်းး
အရွယ်မရောက် အပျိုပေါက်စလေး
ရင်ခုန်ချင်စရာလေး
ဟုတ်တယ် တစ်ချိန်မှာ ကျွန်တော့်ချစ်သူဖြစ်လာမယ့်
ကျွန်တော့် ချစ်သူပေါ့
ဟား ဟား ဟားးး
လှေင်ရယ်သံတွေ
င့ါနားထဲ ပဲ့တင်ထပ်
ထပ်နေတယ်။
ဟုတ်တယ်
သူပဲ
တစ်ချိန်က ကျွန်တော့်ငါသဲကို
ခွဲပြီး လူကြားထဲ ပြောင်လှောင်တဲ့
ကျွန်တော်သိပ်ချစ်တဲ့
ကျွန်တော့် ချစ်သူပါ
သူ့ကို ချစ်မိတာ ဘယ်ကစပြောရမလဲ
အော် မှတ်မိသေးတယ်
သူ့ မွေးနေ့၊ လ၊ ရက်၊ ခုနှစ်
မှတ်မိနေခြင်းက စ……၊
အတူပျော်ရွင်ဖူးတဲ့နေ့၊
သူ ငါ့နားက ထွက်ခွါသွားတဲ့နေ့အထိ
မှတ်မိနေခြင်းက စ ….၊
အခုထက်ထိပေါ့။
“..၊ ..၊ ….”
တိုက်ဆိုင်လိုက်တာများ
အဲဒီနေ့က ကျွန်တော့်မွေးနေ့
Comment #2
he,,he,,
funny,,,
but i don’t understand so well what’s the main point.
Comment #3
ဟဲဟဲ…
တစ်မျိုးလေးပဲဗျအားပေးသွားပါတယ်။
Comment #4
တိုက်ဆိုင်လိုက်တာများ..
အဲဒီ့နေ့က ကျနော့်မွေးနေ့..
Comment #7
read again par,,
Comment #1
အားပေးသွားပါတယ်နော်.