“ စိတ်ကူးတည့်ရာ ”
အခုတလော ဥယျာဉ်မှာပန်းမပွင့်ဘူး
မြင်နေကျ ဆောင်းကလည်း
ထူးထူးခြားခြား မျက်နှာပြောင်းထားတယ် ။
တွင်းအောင်းသတ္တ၀ါတွေမြူးဖို့အတွက်ပဲဆိုရင်
ဒို့ မြန်မာတွေက ဂူအောင်းမျိုးမဟုတ်တော့
အဲဒီ့မိုးကို ရိုက်ချိုးဖို့ပဲရှိတော့တယ် ။
သိုးသိုးသန့်သန့် သတင်းတစ်ခုကြားလိုက်တယ်
နံနက်ခင်းမှာ …
ဒီဇင်ဘာဆိုတဲ့စာမျက်နှာ ပါမလာဘူးတဲ့ … ။
ပါဝါကပဲ တက်လာတာလား
မှန်ကပဲ ပျက်သွားတာလား
ဘယ်နားမှာ မှားနေလဲမသိတဲ့
သက်ပုံတွေကြောင့်
အဲဒီ့ ၀ါကျတွေကမှန်နေပြန်တယ် ။
ကွဲပြန်ပြီဟ …
အော် … ငါကလည်း မှန်ကိုမှကန်ခဲ့မိတာကိုး …
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အခုတလော ဥယျာဉ်မှာပန်းမပွင့်ဘူး
မြင်နေကျ ဆောင်းကလည်း
ထူးထူးခြားခြား မျက်နှာပြောင်းထားတယ် ။
တွင်းအောင်းသတ္တ၀ါတွေမြူးဖို့အတွက်ပဲဆိုရင်
ဒို့ မြန်မာတွေက ဂူအောင်းမျိုးမဟုတ်တော့
အဲဒီ့မိုးကို ရိုက်ချိုးဖို့ပဲရှိတော့တယ် ။