“ ၂၀၁၂ အကြို ကဗျာဈေးကွက် ”
အခုတလော ကဗျာဈေးကွက်ကတွင်ကျယ်နေတယ် ။
ကဗျာပွဲစားခေတ်
ကဗျာဝယ်ရောင်းခေတ်တွေ ပျောက်လို့
အကြွေးဝယ်ခေတ်ကို ရောက်လာပြီ ။
ဖောင်အပြည့်နဲ့
ကိုယ်တွေ့မှတ်တမ်းတွေ ဖြည့်စရာမလိုတော့
ငါးခုလောက်ဆို ကဗျာတစ်ပုဒ်ရနေပြီ ။
သုံးမျိုးခွဲထားတယ်ဆိုပြီး
ခေါင်းစားနေတယ်လား …
ကမ်းရိုးတန်းနှစ်မျိုးက ပြတ်သလောက်ဖြစ်
ကျန်နေသေးတဲ့ ဂျီကဗျာခေတ်ကလည်း
တဖြည်းဖြည်း မက်လောက်စရာဖြစ်လာပါလိမ့်မယ် ။
အကုန်လုံး ကဗျာတွေသုံးရတော့မယ်လား
( အဲဒီ့လိုကြားတယ် )
ကောင်းတဲ့အရာအတွက်တော့ လက်ခုပ်တီးရမပေါ့
စာပေလောကကြီးတုန်ဟီးသွားတော့လည်း ပျော်ရမပေါ့
ရင်က ကော့၊ ခေါင်းက မော့ ထားချင်တဲ့ကဗျာဈေးကွက်
နောက်တစ်မျိုးနဲ့ ထပ်တိုးချဲ့မယ်ဆိုထားသေး
နှစ်ခွဲဂျီကဗျာ ဆိုပါလား
အားရစရာပါပဲ … ။
ကဗျာ ၀န်ဆောင်စရိတ်က
အရင်ဂိတ်ကြေးလိုပဲ အတက်အကျမရှိ
ပျော်စရာအတိပါပဲလို့ ကြည်နူးရ
အဆုံးသတ်ကြမှ
ယပက်လက်က ပြန်လာတဲ့သူငယ်ချင်းက
ဟိုမှာရှိတဲ့ ကဗျာဈေး
မြန်မာငွေတစ်ထောင့်သုံးရာပဲ ပေးရတယ်ဆိုတော့
ရင်လည်း မကော့နိုင်တော့
ခေါင်းလည်း မမော့နိုင်တော့
တစ်ခုပဲ အစကပြန်ကျော့မယ် ။
ကောင်းတဲ့အရာအတွက်တော့ လက်ခုပ်တီးပေးရမပေါ့ … ။
Comment #3
ကဗျာကောင်းလေးဗျ အားပေးသွားပါတယ်
Comment #1
‘လက်ခုပ်ဝ င်တီးပေး ခဲ့ပါတယ်.. ကဗျာကောင်းလေးတခုအတွကိပ်ါ……………