“ မှားယွင်းခဲ့သော ၀ါကျ ”
ကြက်ခြေခတ်လို့ ဆိုရင်
ရိုးပါတယ် ။
ခပ်တိုးတိုးသာပြော
ငါ ဆိုးတာ အရာတိုင်းသိတယ် ။
အဲဒါက နင့်ရဲ့ ကဗျာ …
လာသမျှဖြေရှင်း
ဓါတ်တိုင်အောက်က မီးရောင်မို့
မှောင်သလား မသိ
ဘယ်အရာကိုမှ မထိခိုက်စေချင်သူ
အဲဒါက ငါ့ရဲ့ မူ …
ဘယ်လို မုသားတွေနဲ့
ငါတို့ ပေါင်းဖက်ခဲ့သလဲ
နဲနဲလေး ဆိုပေမယ့်
အဲဒီ့ဝါကျက လွဲတော့လွဲနေဆဲ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟုတ်တယ်လွဲနေတယ်………….. တည့်မှ န်အောင်လုပ်လို့မရတော့ဘူး………