မြင်သော မျက်လုံး
ချစ်ခြင်းအစ
မျက်လုံးကတဲ့
ဟုတ်ပါရဲ့လား
ချစ်လွန်းလို့ဗျာ
မျက်လုံးကိုကြည့်
ကျွန်တော်အချစ်
သူလေတွေမလား
မေတ္တာသစ္စာ
စေတနာ အစုံပါပဲ
သို့ပေမယ့်
မမြင်မတွေ့ဘဲ
ကျွန်တော်ပြန်ရတာကတော့
မျက်စောင်းတစုံပါပဲ
သူအတွက်က
အမြင်ကတ်လို့ထိုးတဲ့မျက်စောင်း
ကျွန်တော့်အတွက်တော့
ချစ်ရည်ရွှန်းလဲ တဲ့အကြည့်
ဘယ်လိုပဲပြောပြောဗျာ
နှိုင်းလို့သာကောင်းတယ်
ဒါပေမယ့်
မျက်စောင်းရဲ့ အဓိပါယ်က တော့
negative ဆိုတော့လည်း
ဘယ်လို ပဲ အကောင်းယူဆယူဆ
ကျွန်တော်ကိုးကွယ်တဲ့
မျက်စောင်းက ကျွန်တော့်ကို
ညတိုင်းအိပ်မက်တွေ ပေးလို့
ဘယ်လိုပဲဖြစ်ဖြစ်
တို့တတွေက
မနုသ တွေပဲ
မင်းလည်းပဲ တစ်နေ့တော့
ငါ့အကြည့်တွေကတဆင့်
ငါ့နှလုံးသား ထဲကို
ဝင်နိုင်တဲ့ ဓါတ်လှေကားလေးကိုတွေ့ရင်
ဝင်လာခဲ့ပါ
ငါ လက်လှမ်းလို့ကြိုလျှက်ပေါ့ ချစ်သူ………….။
Comment #2
ကောင်း၏၊အားပေးသည်။

Comment #3
read again

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,
mike de kwar..
he,,he,,
a yan ko lan de.