ချစ်သူ့ဆံနွယ်သို့တမ်းတခြင်း-ရွှေကြယ်မိုး
ကြာပြီ……..
လေပြေမှာဝေ့၀ဲခဲ့တဲ့
ချစ်သူရဲ့ ဆံနွယ်တွေ
ငါ့အိမ်မက်ကိုစိုးမိုးခဲ့တာကြာပြီ……
ဒီဆံနွယ်တွေ ကိုင်တွယ်ခဲ့တဲ့
နေ့ တွေကို ငါတမ်းတနေတုန်းပဲ
နေခြည်ဖျန်းတဲ့ တစ်မိုးအောက်မှာ
ချစ်သူ့ ဆံနွယ်တွေ လှနေဦးမှာပါ
ရေမြေခြားတဲ့တစ်နေရာမှာ
ဆွေးဆဲဆွေးရဦးမယ့်ငါကတော့
ချစ်သူ့ ဆံနွယ်လေးတွေကို
အတွေးထဲမှာ နမ်းရှိုက်ရင်း
နေ့ သစ်တွေထဲလျှောက်လှမ်းရဦးမယ်…
အမှောင်မှာလင်းလက်မယ့်ကြယ်စင်
ချစ်သူကိုလမ်းပြပါတော့………
ခုနှစ်စင်ကြယ်တို့ ဆီမှာ ချစ်သူကို
ငါအပ်နှံခဲ့ပါရဲ့ကွယ်…..
ရွှေကြယ်မိုး
(ကဗျာစရေးတတ်စက ကဗျာလေးပါ…
အဟောင်းပုံထဲကတွေ့လို့ကပျာကယာ တင်ပေးလိုက်တာပါ)
shwekyalmoe@gmail.com
www.poemyae.blogspot.com
www.shwekyalmoe.multiply.com
Comment #2
nice

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဟောင်းကလည်း
good ပါတယ်ဗျ………။