ပိုးဖလံတစ်ကောင်….. ငါ ……….
တကယ်ဆို နင်က နတ်ဆိုးတစ်ပါး
ငါ့ကို နင့်ရဲ့ စကားတွေနဲ့ ကျိန်စာတွေသင့်စေခဲ့သူ
တကယ်ဆို နင်က လှပတဲ့ စုန်းတစ်ကောင်
ငါ့နှလုံးသားကို နင့်ရဲ့ မှော်အတတ်တွေနဲ့ ပြုစားခဲ့သူ
တကယ်ဆို နင်က မင်းသားယောင်ဆောင်ထားတဲ့ ဘီလူးတစ်ကောင်
ငါ့ကို နင့်ရဲ့ အယောင်ဆောင် မျက်နှာဖုံးအောက်က အပြုံးတွေနဲ့ ရူးသွပ်စေခဲ့သူ
တကယ်ဆို နင်က လျှာနှစ်ခွနဲ့ မြွေဟောက်တစ်ကောင်
ငါ့ကို နင့်ရဲ့ လျှာဖျားကထွက်လာတဲ့ နှစ်သိမ့်စကားတွေနဲ့ ချော့သိပ်တတ်သူ
တကယ်ဆို နင်က LOVE ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတစ်ကောင်
ချစ်ဟန်ဆောင်ပြီး ငါ့နှလုံးသားကို တစ်စစီဖျက်စီးပစ်ခဲ့သူ
တကယ်ဆို နင်က
တကယ်ဆို နင်က…….
တကယ်ဆို နင်က……….
နင့်အတွက်တော့ ငါက ပိုးဖလံတစ်ကောင်ပါ
အသက်ပေးရမယ်ဆိုတာ သိရဲ့သားနဲ့ နင်ရှိရာဆီကို
ဇွတ်တိုးချင်မိနေတဲ့ ခပ်နုံနုံ ပိုးဖလံတစ်ကောင်သာသာမျှပါ….
Comment #2
ချစ်တော့လည်း…ပိုးဖလံဖြစ်သွားတာပေါ့ဗျာ..
အားပေးသွားပါတယ်။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
oh,,,oh,,oh,,
sut swe chat tway ka le myar like dar.
ne ne shot par ong lar.
he,,he,,