ပင်လယ် (ဆူးနစ်ရင်)
မြစ်ကောက်ကွေ့တော့ လူသိတယ်ပေမယ့်
ပင်လယ်ကောက်တာ မမြင်သာဘူးလေ
ဒီလောကဓံလှိုင်းတွေကြားမှာ
ပေါ်ရကောင်းမှန်းကို မသိတော့တဲ့ကောင်
ကမ်းစပ်ပစ်တင်ခံရတဲ့ အမှိုက်တစ်စလို ငြိမ်သက်
လူဖြစ်ရတဲ့ဒုက္ခ ဆိုတဲ့ သီချင်းစာသားကို
အထပ်ထပ် ညည်းဆိုရင်း
ကံကြမ္မာစီးဝင်လာသမျှ
ရင်နဲ့မမျှအောင် ခံစားခဲ့ရ
ခံစားနေရရင်း လ ရဲ့ဆွဲအားမှာ
မျက်စိစုံမှိတ် တိတ်တိတ်လေး
လွင့်မျောနေချင်ရဲ့
အဲဒီလိုမျိုး
လှပ တိတ်ဆိတ်တဲ့ည
သာသာပြေပြေ လေညင်းလေးတွေနဲ့
ရှင်းသန့်တဲ့ ရနံ့နဲ့အတူ
ပင်လယ်ရေ ……………….
အတွေးတွေနဲ့ပဲ လွမ်းတယ် ။ ။
Comment #2
wow,,,,,,,,,,,,
wow,,,,,,,,,,,,,
By: ei lay at Dec 21, 2011
Comment #3
အဲဒီလိုမျိုး
လှပ တိတ်ဆိတ်တဲ့ည
သာသာပြေပြေ လေညင်းလေးတွေနဲ့
ရှင်းသန့်တဲ့ ရနံ့နဲ့အတူ
ပင်လယ်ရေ ……………….
အတွေးတွေနဲ့ပဲ လွမ်းတယ် ။ ။
By: ဇော်သက်ဦး(Ayatekalay) at Dec 22, 2011
Comment #4
ပင်လယ်ကောက်တာ မမြင်သာဘူးလေ………….
By: May Kha at Dec 22, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာက ချစ်စရာလေးဗျ။အားပေးသွားပါတယ်။