ပင်လယ်ကိုရင့်မှည့်စေတဲ့ ဆိပ်ကမ်း
အစမှာ . . . ငါက
ပန်းတိုင်ဆီ လှေကားထောင်ပြီးတက်ခဲ့တာပေါ့
ဘဝတံခါးကိုဆွဲဖွင့် ယုံကြည်ရာကိုရွက်လွှင့်ပြီး
ဘယ်အရာကိုမဆို ခေါင်းနဲ့တိုက်ဖို့ဝန်မလေးတဲ့စိတ်ဓာတ်တွေနဲ့
လောကဓံဟာ ပင်လယ်ဆိုရင် ငါကရွက်လွှင့်နေတဲ့ လှေငယ်တစ်စင်း
လိုချင်တာကိုရဖို့ ရတာကိုမယူခဲ့တဲ့ ငါ့အတွက်
ကံကြမ္မာကို ပခုံးပုတ်ပြီး အတင်အချလုပ်ခဲ့တဲ့ဟောဒီ့ဆိပ်ကမ်းမှာ
ဘဝကထူသားပေသားကျခဲ့တယ်
အစမှာ . . . အဲဒီပင်လယ်ကို
နှုတ်မဆက်ခဲ့မိရင်လဲ ကောင်းသား
လက်ပြမိကာမှ လှိုင်းလုံးတွေကကြီးလွန်းနေခဲ့
အော်ညည်းသံတွေက ဆူညံလွန်းနေခဲ့
ရိုက်ပုတ်သံတွေက ထူထဲလွန်းနေခဲ့
ဒီလိုနဲ့လှိုင်းလုံးတွေက သက္ကရာဇ်တွေကိုတိုက်စား
တဖန်သက္ကရာဇ်တွေက ငါ့ကိုတိုက်စား
တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုကတိုက်စားရင်း
ကြယ်လေးတွေလဲ အိမ်ပြန်လမ်းပျောက်ဆုံး
လမင်းကြီးလဲ ကောင်းကင်ပျောက်ဆုံး
ငှက်ကလေးတွေလည်း အိပ်တန်းပျောက်ဆုံး
ငါလဲ ဆိပ်ကမ်းပျောက်ဆုံး
(မာနတရားကိုကျောပိုးရင်း)
တဖြည်းဖြည်းနဲ့ . . .
လောကဓံဆိုတဲ့ငနဲကို
ခပ်တည်တည်ကြည့်တက်လာပြီ
နတ်သမီး
Comment #2
ကြယ်လေးတွေလဲ အိမ်ပြန်လမ်းပျောက်ဆုံး
လမင်းကြီးလဲ ကောင်းကင်ပျောက်ဆုံး
ငှက်ကလေးတွေလည်း အိပ်တန်းပျောက်ဆုံး
ငါလဲ ဆိပ်ကမ်းပျောက်ဆုံး
(မာနတရားကိုကျောပိုးရင်း)
တဖြည်းဖြည်းနဲ့ . . .
လောကဓံဆိုတဲ့ငနဲကို
ခပ်တည်တည်ကြည့်တက်လာပြီ
Comment #1
အစမှာ . . . အဲဒီပင်လယ်ကို
နှုတ်မဆက်ခဲ့မိရင်လဲ ကောင်းသား
လက်ပြမိကာမှ လှိုင်းလုံးတွေကကြီးလွန်းနေခဲ့
အော်ညည်းသံတွေက ဆူညံလွန်းနေခဲ့
ရိုက်ပုတ်သံတွေက ထူထဲလွန်းနေခဲ့
ဒီလိုနဲ့လှိုင်းလုံးတွေက သက္ကရာဇ်တွေကိုတိုက်စား
တဖန်သက္ကရာဇ်တွေက ငါ့ကိုတိုက်စား
တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုကတိုက်စားရင်း
ကြယ်လေးတွေလဲ အိမ်ပြန်လမ်းပျောက်ဆုံး
လမင်းကြီးလဲ ကောင်းကင်ပျောက်ဆုံး
ငှက်ကလေးတွေလည်း အိပ်တန်းပျောက်ဆုံး
ငါလဲ ဆိပ်ကမ်းပျောက်ဆုံး
(မာနတရားကိုကျောပိုးရင်း)
တဖြည်းဖြည်းနဲ့ . . .
လောကဓံဆိုတဲ့ငနဲကို
ခပ်တည်တည်ကြည့်တက်လာပြီ