ဒီဇင်ဘာ လွမ်းချင်း
နှင်းဖြူဖြူ
အလွမ်းထူထူနဲ့
တစ်ဆောင်းလည်ခဲ့ပြန်ပြီ…..။
ဒီဆောင်းလည်း
မနှစ်ကဆောင်းလို
အအေးလည်းမပေါ့သလို
အလွမ်းလည်း မလျော့ခဲ့ပါဘူး….။
ဒီဇင်ဘာရေ
မင်းကတော့….
မြူတွေရစ်ဆိုင်း
အအေးလှိုင်းနဲ့ ငြိမ့်နေပြီပေါ့…။
ဒီဇင်ဘာရေ
ငါကတော့…..
(သူမရှိတဲ့နောက်)
အလွမ်းတွေ၇စ်သိုင်း
အဆွေးလှိုင်းနဲ့ စီးမျောနေ၇ပြန်ပါပေါ့။
မြောက်ပြန်လေက
အေးမြချမ်းအေးမှုတွေ
သယ်ဆောင်လာပေးသလို
ငါ့အတွက်
သတိရလွမ်းဆွတ်မှုတွေလည်း
ယူဆောင်လာပေးပြန်တယ်…..။
ဒီဇင်ဘာ
မင်းကတော့
မရိုးနိုင်တဲ့ နှင်းတွေနဲ့
ငါကတော့
မဟောင်းနိုင်တဲ့ အလွမ်းတွေနဲ့
သူကတော့
…………..
…………..။
၇ာသီတွေလည်း
နှစ်ပတ်လည်ခဲ့ပြီ
အလွမ်းတွေကလည်း
သံသ၇ာလည်ခဲ့ပြီ
အတိတ်က
အိပ်မက်မဟုတ်လေတော့
ဒီဆောင်းကလည်း
အ၇ိပ်လို ကပ်ငြိပါလာဆဲ….။
ဒီဇင်ဘာေ၇….
သတိ၇မှုတွေ တပုံတပင်
အလွမ်းတွေ တစုတဝေး
မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့
(ငါလေ)
ဟေမာန်တိုင်းမှာ
သူနဲ့မင်းကို
စောင့်မျှော် ကြိုဆိုနေတယ်ဆိုတာ
မမေ့လိုက်နဲ့ အုံး………။ ။
Comment #2
ဒီဇင်ဘာကိုပြန်သတိရမိတယ်..
ဒီဇင်ဘာချစ်သူတိုင်းကြိုက်မှာပါ…

Comment #3
rgedgreg

Comment #1
Nice Poem!
I like the facts but I think it’s better be short in brief. (Summarize)