ကျွန်တော့်ကောင်မလေးသို့
ငါ ဟာလေ
စစ်သူကြီးမဟုတ်ပါဘူး
ချစ်သူရေ
ဒါပေမယ့်
မင်းအတွက်ဆို
ရှေ့ကမားမားမတ်မတ်
ရပ်တည်မယ့်
ရင်ဘက်ကြီးငါ့ဆီမှာရှိတယ်…။
ချစ်သူရေ
ငါဟာ စကားပြောကောင်းသူတစ်ယောက်
မဟုတ်ဘူးလေ
ဒါပေမယ့်
မင်းအတွက်ဆို
အချိုသာဆုံးစကားတွေ
ငါ့နှုတ်ခမ်း ၀မှာရှိတယ်လေ…..။
ချစ်သူရေ
ငါက အပြေးချန်ပီယံတစ်ယောက်
မဟုတ်ဘူးလေ
ဒါပေမယ့်
မင်းအလိုရှိတိုင်း
ဘယ်နေရာဘယ်ဒေသဖြစ်ဖြစ်
အမြန်ဆုံးလှမ်းလာပါမယ့်…..။
ချစ်သူရေ
ငါက နိုဘယ်ဆုရှင် တစ်ယောက်
မဟုတ်ဘူးလေ
ဒါပေမယ့်
မင်းအတွက်
ရှေ့ က မားမားမတ်မတ်
ရပ်တည်ပေးရင်း ပြုစုနှစ်သိမ့်ပေးပါမယ်…..။
ချစ်သူရေ
ငါ လေမင်းကို
အရမ်းချစ်ပါတယ်
တခါတလေများ
ချစ်တယ်ဆိုတဲ့
စကားထက်ပိုပြီး
လေးနက် အရေးပါ
ပိုအဖိုးတန်တဲ့
စကားလုံးများ
ရှိမလားလို့ ငါရှာကြည့်သေးတယ်
မတွေ့လို့ပါချစ်သူ…..။
မင်းကို ငါအရမ်းချစ်တယ်……….။
Comment #2
read again

Comment #3
d htet po p pyay sone de sa ka lone shi yin pyaw chin par de,
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,
de ke par,,,da ke par,,
daw daw lay ko sa kar tat de.
kaung ma lay dot daw daw kway hmar pe naw.,,a hote.