ကျွန်မရဲ့ဒိုင်ယာရီ
ဘယ်ရှု့ထောင့်ကပဲကြည့်ကြည့်
အချစ်ဆိုတာ
လုံးသလား ပြားသလား
သေချာ မသိပေမဲ့
သူ့မှာခြေထောက်မပါတာတော့
ကျိန်းသေတယ် . . . ။
လေပြေလိုဝင်လာပြီး
မုန်တိုင်းလိုမွှေပြီးမှ
ပြန်ထွက်သွားတက်တဲ့
အဲဒီအချစ်မှာ
ကျွန်မက အမှီအခိုကင်းချင်တယ်
သူက ပခုံးထမ်းထားချင်တယ်
ဒီတော့ခြေထောက်မပါတဲ့
ကျွန်မတို့နှစ်ယောက်ရဲ့အချစ်က
ဖိနပ်စီးပြီး
လက်ပြနှုတ်ဆက်သွားတယ် . . . ။
နတ်သမီး
Comment #2
tay char dot nar ma le bu,,
but phat loh kaung de..
By: ei lay at Feb 28, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သြော်…..အဲလိုလား… င့ါအမ ရ
အားပေးသွားပါတယ်။