ဆောင်းနှင်းသခင်
ဒီဇင်ဘာညလယ်
ဖျောက်ဖျောက် ဖျောက်ဖျောက်နဲ့  သူလာတယ်
တစ်စိမ့်စိမ့်နဲ့ ရယ် အေးမြမှုကိုဆွယ်
သူစ မိတ်ဆက်တယ်
ဒီဇင်ဘာမှာပျော်တဲ့  ဆောင်းနှင်းအရှင်
နှင်းသခင်ပါတဲ့  သူပြောတယ်
သူ့ ဟန်ပန်နှယ် အေးစက်စက်နဲ့ ရယ်
နှင်းငွေ့ လွှမ်းတဲ့  ခြုံပ၀ါလေးနဲ့  သူလှနေတယ်
အိမ့်မက်ထဲမှာကွယ်……….
ဒီဇင်ဘာ မနက်ဝယ်
မြူတွေဆိုင်းလို့ရယ်
ဂျူတီဝတ်စုံလေးနဲ့ 
နှင်းသခင်များ ဖြစ်နေမလား
တွေးမိတယ်……..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service