ညီလေး ၂
မတွေ့ရတာကြာပြီဆိုတော့ လွမ်းတယ်
ငါတို့ဆီရောက်မလာနိုင်တဲ့မင်းရဲ့စကားတွေ ငါ ကြားတယ်
ငါတို့ဆီအရောက်ပြန်လာချင်တဲ့မင်းရဲ့အိမ်လွမ်းစိတ်တွေ ငါ မြင်တယ်
သူများတွေရဲ့တိုက်တာအဆောက်အဦးကိုအလှဆင်ရင်း
အပြီးမသတ်နိုင်သေးတဲ့ငါတို့အိမ်လေးကို
မင်းစိတ်ထဲ ဒီဇိုင်းထုတ်ပြီးရောပေါ့
အလုပ်သိမ်းလို့ အနားယူချိန်မှာ မင်းရဲ့ပန်းကန်ထဲ
ဟင်းထည့်ပေးမယ့်လက်တွေကို မင်း တမ်းတမြင်ယောင်နေမှာလား
အမေ့မျက်ဝန်းထဲ မင်းအကြောင်းအုံ့ဆိုင်းလာတဲ့တိမ်တွေမြင်ရတော့
ငါ့ရင်ထဲ မျက်ရည်တွေ သည်းသည်းထန်ထန် ရွာကျတယ်
အိမ်တံခါးကို လာခေါက်မယ်မင်းရဲ့လက်တွေ အသားမာတက်နေပြီလား
မင်းကိုယ်မင်း နောက်ဆံငင်အောင်တုပ်နှောင်ထားတဲ့မိသားစုကြိုးက
တင်းလွန်းတယ်
မင်းဒိုင်ယာရီထဲက `သံယောဇဉ်´က မိသားစုဆီ အော်ခေါ်သံတွေ
ဘောင်ဘင်ခတ်လာချိန်
မင်းနဲ့ငါတို့ရဲ့တယ်လီပသီဟာ ခေါ်မကြားအော်မကြား
ရင်ဆို့တယ်
ကိုသျှား
Comment #3
Great ဗျာ Great
ကြိုးတွေထဲက အခိုင်ဆုံးကြိုးအကြောင်းပြောထားတာဘဲ ။
Comment #4
ဂွတ်တယ်ဗျာ
ဟတ်ထိတယ်
Comment #5
မင်းနဲ့ငါတို့ရဲ့တယ်လီပသီဟာ ခေါ်မကြားအော်မကြား
ရင်ဆို့တယ်
မိုက်တယ်….ကိုသျှားရေ….။
Comment #1
တကယ့်ရီရယ်လိုင်ဇင်ကဗျာလေးမို့ထင်တယ်…
ကျွန်တော် တော်တော်လေး ကြိုက်တယ်…
ဖတ်ရသူအတွက်လည်း ဆို့နင့်စေတဲ့ကဗျာလေးပါပဲဗျာ