ဒါပေမယ့်……. ….. … .
ကျွန်တော်ဆိုးလို့ အမေ ရိုက်တယ်
ကျွန်တော်ငိုတော့ အမေ မချော့ဘူး
ဒါပေမယ့်
အမေ့ကို…. ..ကျွန်တော် သိပါတယ်
ကျွန်တော်တွေဝေတိုင်း
နာကျင်အောင်ပြောခဲ့တယ်
ကျွန်တော်အပျင်းထူတိုင်း
အမေနှိမ်ခဲ့တယ်
ဒါပေမယ့်
အမေ့ကို…. ..ကျွန်တော် သိပါတယ်
လက်ခုပ်သံတစ်ပွင့်ရဖို့
အ ပြုံး တွေ . . .
တိုက်ပွဲဝင်ခိုင်းရတာ
နောက်တန်းကမျက်ရည်တွေအတွက်
အားနာမိတယ် အမေ
ဒါပေမယ့်
ကျော်ဖို့ ၊
နင်းဖို့ ၊
အားယူနေတဲ့ခေတ်ကြီးမှာ
အကြင်နာတွေ
အမြည်းလာပေးတိုင်း
ကျွန်တော့နှလုံးသား
အချိုတည်းခံရမှာ စိုး…….ရိမ်….တယ်
။ ။ ။
Ray
22nd December, 2011
19:00
Comment #3
အားပေးသွားတဲ့ မောင်ချမ်းအေး နဲ့ genius ကျေးဇူးပါဗျာ နောင်လည်း ကျွန်တော့ကဗျာတွေ လိုတာရှိရင်ဝေဖန်ပေးကြပါ ညီအစ်ကိုမောင်နှမအားလုံးရဲ့ ဝေဖန်အကြံပေးမှုကို အမြဲတန်ဖိုးထားလျှက်ပါ။
With respect,
RAY
Comment #4
ဒါပေမယ့်
ကျော်ဖို့ ၊
နင်းဖို့ ၊
အားယူနေတဲ့ခေတ်ကြီးမှာ
အကြင်နာတွေ
အမြည်းလာပေးတိုင်း
ကျွန်တော့နှလုံးသား
အချိုတည်းခံရမှာ စိုး…….ရိမ်….တယ်
အဲ့နားလေးကတော်တော်ကောင်းတော့ အကုန်ကြိုက်ကြတယ်…
Comment #5
ကျော်ဖို့ ၊
နင်းဖို့ ၊
အားယူနေတဲ့ခေတ်ကြီးမှာ
အကြင်နာတွေ
အမြည်းလာပေးတိုင်း
ကျွန်တော့နှလုံးသား
အချိုတည်းခံရမှာ စိုး…….ရိမ်….တယ် … SUPER LIKE
Comment #6
ကဗျာလေးကို အားဆေးလာကျွေးသွားတဲ့ arkar ၊ No Name ရောင်းရင်းတို့နှစ်ဦးစလုံးကို ကျေးဇူးအများကြီးတင်ပါတယ် နောင်လည်း ကျွန်တော့ကဗျာတွေကို စိတ်ထဲရှိသလိုဝေဖန်ပေးကြပါ ရောင်းရင်းတို့အားလုံးရဲ့ ဝေဖန်အကြံပေးခြင်းကို အမြဲတန်ဖိုးထားလျှက်ပါ ။
With respect,
RAY
Comment #1
ဒါပေမယ့်
ကျော်ဖို့ ၊
နင်းဖို့ ၊
အားယူနေတဲ့ခေတ်ကြီးမှာ
အကြင်နာတွေ
အမြည်းလာပေးတိုင်း
ကျွန်တော့နှလုံးသား
အချိုတည်းခံရမှာ စိုး…….ရိမ်….တယ်
။ ။ ။
အား . ပါး . .
မိုက်တယ်ဗျာ
အဲဒါလေးကိုကြိုက်တယ်