ိငိုရန်ဝါကျတစ်ခုအလို (terry)
သံယောဇဉ်တွေ
(ထောင်း)ခနဲ
ပြတ်သွားအောင်ကို
အသုံးအနှုံးတွေ
မောင်းတင်လိုက်တယ်…
တစ်ညလုံးစောင့်နေခဲ့လည်း
တစ်နေ့လုံးရောက်မလာနိုင်တော့ဘူး
ပြောနေဆိုနေကျလိုမိုးချုပ်သွား
ဘ၀ထောင့်ချိုးမှာ
ဆန္ဒကိုခေါင်းတည်ကွေ့ပစ်ရတာမျိုးတွေ
ရှိတယ်……
သိမ်းထားသေးတဲ့
ရုပ်ပုံလေးပေါ်အတိတ်တွေဖြတ်အပြေး
ကိုယ့်ကိုကိုယ်မေ့သွားတယ်…
ထိုကဲ့သို့……………
သူမကျွန်တော့ကိုမေ့သွားနိုင်ပါတယ်
မေ့နိုင်ပါတယ်….
အလွတ်ရနေတဲ့ကျိန်စာနံပါတ်၁၁လုံးကို
မလှုပ်နှိုးမိခင်အထိ
မေ့နိုင်ပါတယ်….
ကျားကန်ထားတဲ့သက်ပြင်းတွေ
ရက်လွန်မသွားခင်အထိ
ကြာလာရင်အမှန်တရားဖြစ်စေဖို့ 
အမှားတွေနဲ့ဆုတ်ဖြဲပစ်လိုက်ရင်း
သူမအိပ်ရာဘေးက
ကဗျာစာအုပ်လေး………..
လာလမ်းအတိုင်းလှည့်ပြန်
သိမ်ငယ်စွာလျစ်လျူရှု့ခံလိုက်ရတယ်
ပူလောင်ပါတယ်…….
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
မျက်ခုံးတွေကိုဖြည်ချလိုက်ပါတော့
သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲမဟုတ်လား
ရွံရှာပစ်လိုက်ပါ…
ကြိုးဝိုင်းအပြင်ဘက်ရောက်လည်း
ရန်သူဟာရန်သူပဲလို့ 
ရွံရှာပစ်လိုက်ပါ…
ငါဟာ
တဒင်္ဂပြဇာတ်တစ်ပုဒ်ဆိုပေမယ့်
ဖြားယောင်းဖို့သက်သက်ဖြူပြတတ်တဲ့
ဇာတ်ဝင်ခန်းမဟုတ်ခဲ့ရိုးအမှန်ပါ
ငါဟာ
ကြိုးစားပြီးမေ့စရာမလိုတဲ့
ဝထ္ထုတစ်ပုဒ်ဆိုပေမယ့်
အတ္တတစ်မျိုးတည်းအတွက်
စကားလုံးတွေကို
မော်ဖင်းမထိုးတတ်ခဲ့ရိုးအမှန်ပါ
တော်ပါပြီ…..ကွယ်
နောက်ကျတယ်ဆိုတာ
ခွဲခွာခြင်းအတွက်လောက်ပဲ
ကောင်းပါတယ်……
ခဏခဏအက်နေမယ့်
ဆက်ကြောင်းတွေအတွက်
စိတ်ဟာ
အသံကုန်အော်ပြီး တိတ်သွားခဲ့တယ်။
terry(25.12.2011)3;00am
[email protected]
Comment #4
ဘဝထောင့်ချိုးမှာ
ဆန္ဒကိုခေါင်းတည်ကွေ့ပစ်ရတာမျိုးတွေ
ရှိတယ်… …
ကဗျာက စကားလုံးအသစ်တွေနဲ့ ကြွနေတယ် ၊ အရေးအသားပီပြင်တယ်
အရင်ကဗျာတွေကိုတော့ ပိုနှစ်သက်တယ် ။
Comment #5
ခေါင်းစဉ်ကအစ ကဗျာတစ်ပုဒ်လုံး ဘာမှပြောစရာမလိုဘူး
အားပေးတယ် အားပေးတယ် အားပေတယ်
ချစ်ခင်စွာဖြင့် . . .
ကိုသျှား
Comment #6
ါ…
ငါဟာ
တဒင်္ဂပြဇာတ်တစ်ပုဒ်ဆိုပေမယ့်
ဖြားယောင်းဖို့သက်သက်ဖြူပြတတ်တဲ့
ဇာတ်ဝင်ခန်းမဟုတ်ခဲ့ရိုးအမှန်ပါ
ငါဟာ
ကြိုးစားပြီးမေ့စရာမလိုတဲ့
ဝထ္ထုတစ်ပုဒ်ဆိုပေမယ့်
အတ္တတစ်မျိုးတည်းအတွက်
စကားလုံးတွေကို
မော်ဖင်းမထိုးတတ်ခဲ့ရိုးအမှန်ပါ
တော်ပါပြီ…..ကွယ်
နောက်ကျတယ်ဆိုတာ
ခွဲခွာခြင်းအတွက်လောက်ပဲ
ကောင်းပါတယ်……
ခဏခဏအက်နေမယ့်
ဆက်ကြောင်းတွေအတွက်
စိတ်ဟာ
အသံကုန်အော်ပြီး တိတ်သွားခဲ့တယ်
Comment #7
တပုဒ်လုံး သိပ်ကောင်းတယ် ညီလေ။ ဒါပေမဲ့ ခံစားချက်နဲ့တိုက်ဆိုင်တာလေး ရွေးထုတ်ပြချင်တယ်။
ငါဟာ
တဒင်္ဂပြဇာတ်တစ်ပုဒ်ဆိုပေမယ့်
ဖြားယောင်းဖို့သက်သက်ဖြူပြတတ်တဲ့
ဇာတ်ဝင်ခန်းမဟုတ်ခဲ့ရိုးအမှန်ပါ
ငါဟာ
ကြိုးစားပြီးမေ့စရာမလိုတဲ့
ဝထ္ထုတစ်ပုဒ်ဆိုပေမယ့်
အတ္တတစ်မျိုးတည်းအတွက်
စကားလုံးတွေကို
မော်ဖင်းမထိုးတတ်ခဲ့ရိုးအမှန်ပါ
တကယ်ကို ဖြူစင်ခဲ့ပါတယ် ချစ်သူကို ချစ်တာဆိုပေမဲ့ ရိုးသားဖြူစင်ခဲ့ပါတယ်။
ချီရွန် ( ပုလဲ )
Comment #8
ကိုတယ်ရီ . . . . .. ဘယ် အပိုဒ် ကို ကောင်းတယ်လို့ ပြောရမှန်းကို မသိတော့ဘူး
အားပေးလျက်ပဲ ဗျာ . . . . ကဗျာတွေ ဆက်ရေးပေးပါဦးလို့ :)
Comment #9
…
ဘာမှ မပြောတော့ပါဘူးဗျာ….
ကျွန်တော် အားပေးသွားပါတယ်..
Comment #10
ဝင်ရောက်အားပေးသွားပါတယ်..ကိုတယ်ရီ
Comment #11
မေ့နိုင်ပါတယ်….
Comment #1
တော်ပါပြီ…..ကွယ်
နောက်ကျတယ်ဆိုတာ
ခွဲခွာခြင်းအတွက်လောက်ပဲ
ကောင်းပါတယ်……
ခဏခဏအက်နေမယ့်
ဆက်ကြောင်းတွေအတွက်
စိတ်ဟာ
အသံကုန်အော်ပြီး တိတ်သွားခဲ့တယ်။
အရမ်းကြိုက်တယ်..တယ်ရီလေးးးရ
နို့ …
“တော်ပါပြီ……ကွယ်” …ကတယ်ရီ့ ပုံစံမဟုတ်သလိုပဲ
but cute 😛
like that !