ဝင့်ဝင့်ထယ်ထယ် တင့် တင့်တယ်တယ်
ကိုယ်လက်ကြံ့ခိုင်ကျမ်းမာရေးအတွက်
လေ့ကျင့် ပေးဖို့ လိုအပ်တယ်…
နောင်တတွေကို နောင်မှာမတဖို့ 
ခုချိန်လုပ်သင့်တာလုပ်မယ်…
အချိန်တွေကို သုံးပါ သုံးစို့ 
စက္ကန့် တိုင်းဟာ အသက်ရယ်…
အပြုံးလေးတွေဝေကာမျှလို့ 
စိတ်သက်သာမှူပြုကြမယ်…
လောကဆိုတာ ပူစရာပေါလို့ 
မေတ္တာသဘောနဲ့ ကျော်ဖြတ်မယ်…
ချစ်သူမုန်းသူ ရှိတတ်စမြဲမို့ 
လောကဓံပဲလို့ ယူဆတယ်…
ငိုချိန်ငိုကာ ရီချိန်ရီလို့ 
စိတ်သက်သာအောင် အြ့ပုံးမျှမယ်…
သူရောကိုယ်ပါ လူတွေပဲမို့ 
ကိုယ်ချင်းစာမှူပြုကြမယ်…
သူသွားလိုရာ ဖြောင့် အောင်သွားတော့
ကိုယ်လည်းပျော်ဖို့ ကြိုးစားမယ်…
သူငိုနေတာ မြင်နိုင်ဖို့ ခက် ရီလို့ြ့ပုံးလို့ မြင်ချင်တယ်…
တုံ့ ပြန်မေတ္တာ အရနည်းတာလည်း
လောဘကဲလို့ ဖြစ်ရမယ်…
ဒီလိုဒီပုံဖြေကာသိမ့် လို့ ချစ်သူကိုသာချစ်တော့မယ်…
မုန်းသူကိုလေ အာရုံပြုလို့ မမြင်မတွေ့ အောင် နေပေးမယ်…
ရည်ရွယ်ရင်းဟာ အမုန်းမပါဘူး သူစိတ်သက်သာဖို့ တွေးလို့ ရယ်…
လိုချင်မေတ္တာရမလာတော့  ၀န်းကျင်ဘေးကို ကြည့် လိုက်မယ်…
ကို့ ကိုမေတ္တာပေးကာမျှတဲ့ မိသားစုနဲ့ မိတ်ဆွေရယ်…
ကိုယ်တုံ့ ပြန်တာ နည်းနေသေးလား ပြုဖို့ ပြင်ဖို့ ကြိုးစားမယ်…
အကြောင်းကံမှန်သမျှ အလှခြယ်လို့ 
ဘ၀အလယ် ၀င့် ထယ်မယ်…