ဟုတ်တယ် ……လွမ်းတယ်………
အလွမ်းတွေ ဖျပ်ဖျပ်လူးတုန်း
အမှောင်ရောင်ကတောက်ပလွန်းတယ်……….
စာဖွဲ့ လဲ မပီပြင်ဘူး
ကဗျာဖွဲ့လဲ မမှီချင်ဘူး
ငါ့အလွမ်းရဲ့ ၃ ပုံ ၁ ပုံတောင်
ဟုတ်တယ် လွမ်းတယ်………………..
နှုတ်ဆက်နေကျ
ငါ့ နဖူးပေါ်က နင့်အနမ်းလဲ
အလွမ်းရဲ့ ခြေရာကိုဖြစ်လို့
လေလွှာထု ထဲက ပဲ လက်ခံရတယ်
စိုးထိတ်ရတယ် လမ်းခုလတ်မှာ
လွင့်ပြယ်သွားရယ်မလား
ဟုတ်တယ် လွမ်းတယ်………..
ကျကျ…..ဒီမျက်ရည်ပဲ ကျနိုင်လွန်းတယ်
ပူနွေးရှိန်းမြ ရှင့်အနမ်းရယ်လား
ထင်မှတ်မှားတယ်
ဟုတ်တယ် လွမ်းတယ်………..
မွတ်သိပ်အက်ကွဲ ကျမလည်ချောင်းက
ဆို့နစ်တိမ်မြုပ် စကားလုံးပေါင်းစုံ
ဒီတစ်ခွန်းအပြင် ထပ်ထွက်မလာဘူး
ဟုတ်တယ်...……ရှင့်ကို…...လွမ်းတယ်..…။။။။။။။။။။။။။။။။။။။။။။။။။။။
သံယောဇဉ်…အလွမ်း……
01:52 AM
16 may 2011
Comment #2
great

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
စာဖွဲ့ လဲ မပီပြင်ဘူး
ကဗျာဖွဲ့လဲ မမှီချင်ဘူး
ငါ့အလွမ်းရဲ့ ၃ ပုံ ၁ ပုံတောင်
ဟုတ်တယ် လွမ်းတယ်……………
အားပေးသွားပါတယ်။