အဲဒီလို တေလေ
ဟောဒီကောင်လေးပေါ့ 
လမ်းဘေးက ကဖေးမှာ
သူထင်ရာ မြင်ရာ
အချစ်ကဗျာတွေချချပြနေရတာ
သူ့ ကဗျာတော့  စာမူမှာပါမလာဘူး။
ရိုးရိုးသားသား မျှော်လင့်ချက်နဲ့ပါ
စံပယ်တွေဖူးလာမဲ့ နေ့ ကိုစောင့် လို့ 
ဒါပေမဲ့ လေ……………..
အချိန်တွေသာ ကုန်လွန်လာတယ်
အလေ့ကျပွင့်တဲ့  ပန်းလေးတစ်ပွင့်တောင်
သူ့ အနားဖူးပွင့်မလာခဲ့ဘူး။
သူဌေးအချို့ 
ကုန်တိုက်ထဲမှာ ကြီးပွားနေတာ သူမသိခဲ့ဘူး။
ရွှေငါးလေးတွေ
ရေအောက်ထဲမှာ ပျော်မြူးနေတာ သူမမြင်ခဲ့ဘူး။
လောဘတက်နေတဲ့ 
ဂျော်ကာတစ်ကောင်အကြောင်း သူနားမလည်ခဲ့ပါဘူး။
အေးဆေးပါပဲ…………
စံပယ်မပွင့်တဲ့ ရပ်ဝန်းရဲ့  ကဖေးမှာ
သူကတော့  ရေးတုန်း…. ဆွေးတုန်း
အများပြောတဲ့  တေလေဆိုတာ
သူပါတဲ့ ………..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဲဒီလို တေလေ..ထဲမှာလဲ ကျွန်တော်လည်းးပါမယ်ထင်တယ်ဗျ
အားပေးသွားပါတယ်။