Professional Authors

အလေ့ကျပေါက်တဲ့အပင်

သစ်ရွက်ကလေးတွေ ၀ါနေတုန်း
လွမ်းနေတဲ့ ပန်းကလေးတွေ
တပွင့်ပြီး တပွင့် ကြွေကုန်ကြတယ်။
ဒီဇင်ဘာမှာတောင်
အပူရှိန်တွေ အကင်းမသေကြသေးလို့
နှလုံးသွေးတွေ ခမ်းခြောက်တာ
အရင်လိုရဲရဲမနီတော့ဘူး
လိပ်ပြာတွေလည်း ငါ့နားမှာ မနားတော့ဘူး
လေရူးတွေတိုက်တိုင်း လိပ်ပြာလွင့်တယ်
သွေးလေခြောက်ခြားရတယ်
ခံစားချက်တွေက အရိုးအပြိုင်းပြိုင်းနဲ့
ကောင်းကင်ကို မော်ကြည့်နေရတယ်။
ရေသောက်မြစ်တွေဟာ
ပတ်ကြားအက်တွေထဲ တိုးလို့တိုးလို့
ဘာရယ်မဟုတ်ပါဘူး
တမင်တကာ ရေမလောင်းဘဲထားကြည့်မိတာပါ။    ။

In: ကဗျာ Posted By: Date: Dec 28, 2011
Comment #1

တော်လိုက်တာလမင်းရေ.။

commentinfo By: May Kha at Dec 28, 2011
Comment #2

good…တယ်ဗျ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 28, 2011
Comment #3

ဘာရယ်မဟုတ်ဘူး
တမင်တကာ ရေမလောင်းဘဲထားကြည့်မိတာပါ တဲ့
ခံစားသွားပါတယ်။

commentinfo By: သက်ထားငြိမ် at Dec 28, 2011
Comment #4

ကျေးဇူးပါ
အခုလိုခံစားပေးကြလို့

Comment #5

hint,,,,,,,,,,,,,hintttttttttttttttttttttttt
so cruelllllllllllllllll
why r u ill-treated?

commentinfo By: ei lay at Dec 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment