နေလို ရေလို ~~ တိမ်လို လေလို
ရင်အကွဲအပြဲအထင်နဲ့
ဂရုဏာတွေခြွေချမိလို့
အခု
ငါကိုယ်တိုင်
အချစ်ကို. ..
သဂြိုလ်ခဲ့ပြီ
~~~
မင်းမြိုက်ခဲ့တဲ့
မီးဆိုတာလည်း
လေနဲ့တွေ့ရင်
ငြိမ်းတတ်လွန်းလို့
ငါကိုယ်တိုင်
သတ်ပစ်ခဲ့ပြီ
~~~
သက်တန့်မြင်ဖို့
မိုးရွာစေချင်တာမဟုတ်ဘူး
ငါ…… .
အေးနေချင်ရုံလေးပါ
အသီးအပွင့်ဝေဖို့
အပင်စိုက်ခဲ့တာမဟုတ်ဘူး
ငါ…… .
အရိပ်ရနေချင်ရုံလေးပါ
~~~~
တကယ်တော့
မင်းအနားမှာ
နေလိုအလင်းရောင်တွေနဲ့
ရေလိုအေးအေးချမ်းချမ်းနေချင်ခဲ့တာ
ဒါပေမယ့်
မင်း. ..
ငါ့နံဘေးမှာ
မှောက်ယက်လာလာလဲတိုင်း
ထိုးကျွေးပေးခဲ့တဲ့
ဒီရင်ဘတ်ကြီး
အခု
မင်းကြောင့်
မင်းအနားကနေ
တိမ်…..တွေ…လို…..က…….ပြီး
….လေ..တွေ…လို.. .
တိတ်တဆိတ်ထွက်သွားရတော့မယ် ။ ။
Ray
28th December, 2011
15:00
Comment #2
he,,he,,
taw taw nour de ko ko free.
thu myar tway a te kwe nay par de so hma,,,,,,,,,,
he,,he,,,
Comment #4
အီးကို DNA စစ်ရင်တော့ စစ်တဲ့စက်တော်တော်ခေါင်းကိုက်သွားမယ် ကိုကိုဖရီးရေ ဘာလို့ဆို ကျွန်တော့အီးက အနံ့မရှိ ၊ အရောင်မရှိ ၊ အဆင်းမရှိတဲ့ ဗလာအီးလေးမို့ပါး)
ကဗျာလေးကို ခံစားအားပေးသွားကြတဲ့ ကိုကိုဖရီး ( ခေတ္တ – မပြားသေး) နဲ့ မအိလေး ၊ အစ်ကိုမြတ်သူ တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် နောင်လည်း Ray ကဗျာတွေ လိုတာရှိရင် ဝေဖန်ပေးကြပါ ညီအစ်ကိုမောင်နှမအားလုံးရဲ့ ဝေဖန်မှုကို အမြဲတန်ဖိုးထားလျှက်ပါ
With respect,
RAY
Comment #5
he,,,he,,,,,,,,,,,,,
ha,,ha,,,
sate nyit par de naw,,,,,,,,,,,,
tay tay char char ko shin pya nay dot tar pe.
ngo r htet yee r tan nay par p,,
Comment #7
he,,he,,
ei lay le nout 2 khout r pay par d.
Comment #8
ဟာ……….သေစမ်း
ဗလာအီးပိုင်ရှင်လေးတဲ့ အစ်မတော်နာမည်အပေးတော်တယ်ဗျာ ထိုင်ငိုချင်စိတ်တောင်ပေါက်သွားတယ်း)
ကဗျာလေးကို အားပေးသွားတဲ့ အစ်မတော်အသဲ နဲ့ မအိလေးကို ကျေးဇူးအများကြီးတင်ပါတယ်
နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင် စိတ်ထဲရှိသလိုဝေဖန်ပေးပါ
ကဗျာညီအစ်ကိုမောင်နှမအားလုံးရဲ့ ဝေဖန်အကြံပေးခြင်းကို အမြဲတန်ဖိုးထားလျှက်ပါ ။
With respect,
RAY
Comment #1
တိမ်…..တွေ…လို…..က…….ပြီး
….လေ..တွေ…လို.. .
တိတ်တဆိတ်ထွက်သွားရတော့မယ် ။ ။
တော်သေးတာပေါ့ဗျာ….လေလည်ပြီးထွက်မသွားလို့ ။
တော်ကြာ..တရာခံဘယ်သူလဲဟေ့ဆိုပြီး အီးကို dna စစ်နေရဦးမယ်။
ဟိဟိ။
ခင်တဲ့..ကိုကိုဖရီး (မူလလက်ဟောင်း)