နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်တို.ကို မနှောက်ယှက်ပါဘူး
ငါပြောစရာလေးတွေရှိလို. ……..
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင် ကန်စွန်းရွက်ကြော် ကြိုက်တာ ပြောပြဖို.
နင်စိတ်ကောက်ရင်
ချော့တာထက် ဘေးမှာငြိမ်ငြိမ်လေးနေတာ
ပိုထိရောက်ကြောင်း ပြောပြဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
ဆောင်းတွင်းရောက်ရင်
နင့် လက်ဖ၀ါးလေးတွေ ယားတတ်တာဂရုစိုက်ပေးဖို.
နင့်နားပေါက်တွေက
သံထည်တွေပန်ရင် ယောင်တတ်တာပြောပြဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
အချိန်ရရင်
နင့်ဆံပင်ကြမ်းတွေ ရွေးနှုတ်ပေးဖို.
(နင်သွားကိုက်တတ်တာတော. မပြောတော့ဘူး
သူကုတတ်မှာပါ 😛 )
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်ဆိုင်ကယ် အမြန်မောင်းတာ သတိပေးခိုင်းဖို.
အစာမှားရင်
နင်ဗိုက်နာတတ်တာ သိထားဖို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
ညည နင်နဲ.အတူ
ကြယ်တွေကို ထိုင်ကြည့်ပေးပါ ပြောမလို.
မေမြို.တက်ရင်
(ပိုက်ဆံကုန်သွားလို. တို.မ၀င်ခဲ့ရတဲ့)
ရုက္ခဗေဒ ဥယျာဉ်
ပို.ဖြစ်အောင်ပို.ဖို. မှာချင်လို.။
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင့်လူနဲ. ငါ တွေ.ချင်တယ်
……………………………………
……………………………………
……………………………………
Comment #2
ဒီကဗျာထဲက ထားခဲ့ခံရတဲ့ကောင်လေးက Mandalay ကပဲလား?
Comment #3
တွေ့ချင်တဲ့အကြောင်း ကောင်မလေးကို လမ်းကြုံရင် ပြောပေးပါမယ်နော်။
Comment #4
ကြိုက်တယ်ဗျာ ။ ဒါမျိုးလေးတွေဖတ်ချင်နေတာကြာပေါ့ ။ ခံစားချက် ချင်းလည်းတူနေတယ်။
Comment #7
အရမ်းခံစားရတယ်
အရမ်းလဲကြိုက်တယ်
ထပ်ရေးပါအုံး
စောင့်နေလျှက်
Comment #8
အရမ်းကြိုက်ပါတယ် နေရာနဲ့ ပြောချင်တာလေးတွေ မတူပေမဲ့ သူ့ချစ်သူနဲ့ တွေ့ချင်သေးတယ် သူ့ရဲ့အကြောင်းလေးတွေ ပြောပြပေးချင်လို့ပါ
Comment #9
So Good !
Comment #10
So Good
Comment #11
so good brother.. i like it ! you did well…i want to Next to you…
Comment #12
ကြိုက်တယ်ဗျာ .. ကျွှန်တော် နဲ့ တိုက်ဆိုင်တဲ့ စာသားလေ ပြင်ပြီးကောင်မလေးကို ပေးပါရစေ ဗျာ အကို ခွင့်တောင်းပါတယ် အကို …ခွင့်ပြုပါ ..
Comment #16
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
အကိုသိပ်ချစ်တာကို ပြောပြပေးဖို့
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
လူဆိုတာခံစားတတ်တဲ့ နှလုံးသားနဲ့သက်ရှိဆိုတာ ပြောပြဖို့
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
သစ္စာတရားဆိုတဲ့အဓိပ္ပါယ်ကို ရှင်းပြချင်လို့
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
အကို့ကောင်မေးလးနဲ့ ကျွန်တော်တွေ့ချင်တယ်
အကို့ကောင်မလေးနဲ့ ကျွန်တော်တွေ့ချင်တယ်
…………………………………………..
………………………………………….
Comment #17
မှာစရာတွေကလည်း များလိုက်တာရှင်….း))
Comment #20
ခံစားရပါတယ် …
Comment #21
ရတုတော့ သူ့ကောင်မလေးနဲ့ မတွေ့ချင်ဘူး ။
ရိုးသားဟန်ဆောင်ထားတာကို သူရိပ်မိမှာစိုးတယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ် ရတုကတော့ ရှောင်သွားမှာ ။
မဖြစ်ဘူး ။
Comment #23
ရတု မှားသွားရင် sorry နော် ။
တကယ်တော့ ကဗျာလေးက နားလည်လွယ်ပြီး နှစ်သက်စရာပါ ။
ရတုရဲ့ ခံစားချက်နဲ့ တိုက်ပြီးပြောမိတာ အားနာပါတယ်။
ကဗျာ အနှစ်သာရလေးတော့ မပျက်စေချင်ပါဘူး ။
တွေ့ ခွင့်ရပြီး မှာချင်တာလေးတွေ ပြောခွင့်ကြုံပါစေ၇ှင်။
Comment #26
ကိုမော်နီ..
တိုက်ဆိုင်မူတွေတိုင်းမှာ…
ဒဏ်ရာတွေ..တူညီတာကို..
ဒီကဗျာလေးနဲ့  သက်သေပြတာ
ကျေးဇူးတင်ပါတယ်ဗျာ….
Comment #27
အရမ်းကောင်းပါတယ်ဗျာ။
Comment #28
နင်လူနဲ့ငါတွေ့ချင်တယ်။
နင်ခွေးသားကြိုက်တာပြောပြမလို့။
နင်အိပ်ရင် အ၀တ်အစားတခြား
လူတခြားဖြစ်သွားတတ်တာသတိပေးမလို့။
နင်လူနဲ့ငါတွေ့ချင်တယ်။
နင့်ပေါင်မှာ မှဲ့တစ်လုံးပါတာပြောပြမလို့။
လပြည့်ညသန်းခေါင်ယံတိုင်း
နင်ဝက်ရူးပြန်တတ်တာ ဂရုစိုက်ခိုင်းဖို့။
—
😀
စတာနော် ကိုမော်နီ။
ကဗျာလေးကိုကြိုက်ပါတယ်။
Comment #29
အရမ်းကောင်းပါတယ် ကဗျာလေးတွေက ကဗျာတွေအများကြီးရေးနိုင်ပါစေ
Comment #30
အရမ်းကောင်းပါတယ်..ခံစားချက်ချင်းတူနေလို့လားပဲ
Comment #31
myat yee taung we` mi par tae
Comment #33
ဘယ်လိုပြောရမှန်းမသိဘူး……………..
ကိုယ် …ဆိုရင်တော့..တွေ့ချင်တယ်….မင်းအကြောင်းလေးတွေပြောပြချင်တယ်
ပြီးတော့….. “ပျော်နေရဲ့လားလို့” လဲမေးချင်တယ်
Comment #34
နင့်လူနဲ. ငါ တွေ.ချင်တယ်
နင်တို.ကို မနှောက်ယှက်ပါဘူး
ငါပြောစရာလေးတွေရှိလို. … that is enough !
Comment #35
🙂 i like
Comment #36
so nice,,
ei lay ka dot ma tway ye bu,,kyauk de,,
Comment #37
ကောင်းလိုက်တဲ့ကဗျာ
ဒါပေမယ့် ဆံပင်ကြမ်းရွေးနှုတ်တာက ဘယ်ကပါလာတာတုန်းဗျ ရှင်ချင်တယ် 🙂 ( just kidding)
ကဗျာလေး အတွေးအခေါ်ဆန်းကြယ်သဗျ
နှစ်သက်တယ် ဒီကဗျာလေးကို ။
Comment #38
အရမ်းကိုတူတယ်ဗျာ ကျွန်တော်လည်းတော်တော်ခံစားရပါတယ်
Comment #1
ဒီကဗျာလေးအရမ်းခံစားရတယ်ဗျာ။
ခံစားချက်ချင်းတူနေလို့ပဲလားမသိ။
ကျွန်တော့်ဆိုဒ်မှာလည်းလင့်ချိတ်လိုက်ပြီ။
အရမ်းကောင်းတဲ့ကဗျာလေးပါ။
ဒီကဗျာထဲက ထားခဲ့ခံရတဲ့ကောင်လေးအတွက်စိတ်မကောင်းဘူး။