*အိုအေစစ်* လေး ..*သူ*
ဘဝလေး….
ခြောက်သွေ့သွားတုန်းကပေါ့
*အိုအေစစ်* လေး
……………………*သူ* ……………………
ရှင်သန်ခြင်းကို ဖော်ဆောင်ပေးသွားခဲ့တယ် ….
မျှော်လင့်ခြင်းတွေကို ရှင်သန်စေခဲ့တယ်….
အိမ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တယ် ….
ဆန္ဒတွေကို ဖလှယ်ခဲ့တယ်….
ဒီလိုနဲ့ပဲ
ကျမ ကမ္ဘာလေးကို စိမ်းလန်းစေခဲ့တာ
*အိုအေစစ်* လေး
……………………*သူ* ……………………
နာမ်စား လေးပါ ကျမအတွက်တော့
……………………*သူ* ……………………
ဆိုတာ ….. ။
မြင့်မြတ်ဖြူစင်လွန်းတဲ့ မေတ္တာဓါတ်
*ကျမ* နွေးထွေးသွားခဲ့ရတယ်….
ထို့အတူ………….
သက်ဝင်ရှင်သန်လာခဲ့ရတယ် ….. ။
စကားတွေ ဆွံ့အနေပေမယ့်
ဆန္ဒတွေ ဖြည့်ဆည်းပေးခဲ့တယ် …….
အပြုံးလေး ၁ ချက်က
အားအင်အသစ်တွေ ပေးခဲ့တယ် …….
ကျမ အတွက်တော့
ကျမ ဘဝနဲ့ထပ်တူ ရှင်သွားမယ့် …
အနှိုင်းမဲ့ *အိုအေစစ်လေး ………သူ………..* ပါပဲရှင်။
(၃ဝ-၁၂-၂ဝ၁၁)
Comment #2
ညီမရေ….
အားပေးသွားပါတယ်
အိုအေစစ်လေးနဲ့မဝေးရပါစေနဲ့နော်
Comment #5
အမ ပန်းအိ ရေ . . . ကဗျာ ကောင်းလေး တစ်ပုဒ် ပါ
အမ ရဲ့ အိုအေစစ်လေး နဲ့ ထာဝရ အေးချမ်းနိုင်ပါစေ လို့ ၊၊ 🙂
Comment #7
(ei lay , ရွှေကြယ်မိုး , bluesky.bluesky , thetnaung, poem.poem28) အားလုံးကိုကျေးဇူးပါ၇ှင့်……….
လမင်းဇော် >>>>> 😛 🙂
Comment #8
i really really like
Comment #1
i like title so so much