ဥဒ္ဓစ္စ မိုးတိမ်
အဝေးမှာ ကျနော်ကို ထားခဲ့ပါ
လေးညှင်းလေးတွေကတော့
ပန်းတစ်ပွင့်ရဲ့ ရနံ့တွေကို
သယ်ဆောင်သွားလို့ ကျန်ရစ်နေတဲ့
ဘူတာရုံလေးကို ငေးကြည့်ရတော့မည့်
အနာဂတ်တွေ မလင်းလက်ခဲ့ဘူး
ဆေးမသောက်တဲ့ လူနာတယောက်လို့
ဝေဒနာတွေကို ကြိတ်မှိတ်ခံစားနေဆဲ…။
ဒီသံစဉ်တေးသွားလေး တစ်ပုဒ်နဲ့ငြီးတွားရင်း
လက်ဖွဲ့အပ်နှင်းခဲ့လို့ အနိုင်ယူခဲ့တာမဟုတ်
မြက်မစားတက်တဲ့ နွားတကောင်လို
ငြီးတွားနေမိရင်း ဥဒ္ဓစ္စနဲ့သွေးလန့်ခဲ့
ဂနာမငြိမ်တဲ့ စိတ္တဇရင်ခွင်ထဲ
ငှက်ဖျားတက်လို့ ရင်ခုန်နေဆဲ…။
ကွေထားတဲ့ လက် ဆုပ်ထားတဲ့ လက်နဲ့
ကြိုးဝိုင်းပေါ်မှာ တိုက်ခိုက်ရင်း
ကျိန်စာသင့်တဲ့ တစ္ဆေတကောင်က
ဖမ်းစားသွားခဲ့ ကဝေရှင်တောင်
ကုစားခက်နေတဲ့ အကျဉ်းထဲ
အတောင်ကျိုးကျလို့ နာကျင်နေဆဲ..။
မမြင်ရတဲ့ အသိုက်အမြုံထဲ
လေထုနဲ့ ဘဝငြိကပ်လို့
ကလေးဘဝ စာမျက်နှာဟောင်းကို
ပြန်လှန်နေရင်း ဖြူစင်ရိုးသားခြင်းရဲ့
နောက်ကျောကို ဓားထိုးခံလိုက်ရ
ဓားစားခံဖြစ်ရတဲ့ မီးလောင်ပြင်ထဲ
ဓာတ်ကင်ဆေးစစ်ရင်း ဝေဒနာတွေနှိပ်စက်ခဲ့
နေဝင်ဆည်းဆာ ပျောက်တော့မည့်
နေ့ရက်တွေထဲ အဆိပ်တစ်ခွက်ကို
ဆေးအဖြစ် သောက်လိုက်ချင်ရဲ့…။
တက္ကသိုလ်မြတ်မင်း
Comment #1
ကိုမြတ်မင်း
အကောင့်ပြောင်းသွားတာလား
ဘာလို့လဲဗျ
အားပေးသွားပါတယ်ဗျာ