နွေပုံရိပ်ထဲက မောင့်အကြောင်း
နွေပုံရိပ်ထဲက မောင့်အကြောင်း
တစ်ချိန်က ငါချစ်ခဲ့ဖူးတဲ့ ချစ်သူ
မင်းထားခဲ့ပြီးနောက်……….ငါ
ကန္တာရ နှုတ်ခမ်းတစ်စုံနှင့်
‘ မ ‘ လို့ရေရွတ်မိ
ကျောက်ခေတ်ရောက် အမြင်ရိုင်းတွေကြောင့်
‘မ’ ပုံရိပ်ကို တမ်းတမိတယ်
နားထဲမှာ မိုးခြိမ်းသံတွေ ပဲ့တင်ထပ်နေလို့
‘မ’ ခေါ်တဲ့ ‘မောင်’ ဆိုတဲ့ အသံ
တစ်ခေါက်လောက်တော့ ကြားချင်သေးတယ်. . .
ကြားနေကြ…….
နွေတေးဆို ဥသြသံတွေက
အရက်တစ်ခွက်အတွက် အမြည်းတွေဖြစ်လို့၊
မြင်နေကြ……….
နွေပန်းချီထဲက သစ်ပင်အိုက
ခဏ ခဏ မျက်စောင်းထိုးခံရလို့ ယိုင်နေပြီ၊
တို့နှစ်ယေက်ပိုင်……….
နွေယပ်တောင်က လေပူတွေကို သယ်သယ်လာလို့
ငါ့အချစ်တွေနဲ့ ဓာတ်ပြုပြီး ရင်ထဲမှာ ပူလောင်လို့ မဆုံးဘူး၊
ငါ့ရဲ့ ရှိုက်ငိုကြွေးသံတွေ
တိမ်တိုက်တွေနဲ့ ပဲ့တင်ထပ်ကာ
နွေဦးမှာ မိုးခြိမ်းသံတွေ ဖြစ်သွားတာ
‘မ’ ကြားမှ ကြားမိပါလေစ………………….
တမလွန်က မမနွေ
ကဗျာတွေရေးရင်း တွေးနေမိတယ်
မနဲ့မောင် ဘယ်တော့များမှ ပြန်ဆုံနိုင်မလဲလေ၊ ၊ ။
နေ့သစ်
15-16.Feb.07
11.45 to 1.45am
ွ
Comment #3
r,,,,,,,,,
ei lay pyaw tar hmar twar lar?
thu ka tay twar p so,,,,,,,,,,
tay twar de thu ne pyan sone chin de so loh lay,,,,,,
bar hman le ti bu naw

Comment #4
ကားနေကြ…….
နွေတေးဆို ဥသြသံတွေက
အရက်တစ်ခွက်အတွက် အမြည်းတွေဖြစ်လို့၊
မြင်နေကြ……….
နွေပန်းချီထဲက သစ်ပင်အိုက
ခဏ ခဏ မျက်စောင်းထိုးခံရလို့ ယိုင်နေပြီ၊
ခံစားချက်အပြည့်နဲ့ပေါ့ ကိုနေ့သစ် 🙂
အားပေးသွားပါတယ်

Comment #5
ခံစားအားပေးသွားပါတယ်နော်…
စိတ်မကောင်းပါဘူး

Comment #7
တမလွန်က မမနွေ
ကဗျာတွေရေးရင်း တွေးနေမိတယ်
မနဲ့မောင် ဘယ်တော့များမှ ပြန်ဆုံနိုင်မလဲလေ၊ ၊ ။

Comment #9
huhhhhhhhhhhhh
inn pop,…
lu so tar 1 nae tay ya hmar pe lay,,
nout ba wa kya yin sone par say naw

Comment #1
like twar hma ya hmar pop naw