မပြောင်းလဲသေးတဲ့ ည
လောင်မြိုက်ခြင်း ခံထားရတဲ့ ညတွေထဲ တ၀ဲဝဲလည်ရင်း အချိန်တွေ
ဖဲ့ယူခံထားရတယ်…အိပ်ရတာလဲ ပေါ့ပျက်ပျက်နဲ့ပါ…
အရသာပျက်နေတဲ့ လူမမာတစ်ယောက်နဲ့ မခြားဘူး..
အချိုးအကွေ့တိုင်းမှာ နာရီလက်တံတွေ တွဲခိုထားဆဲ …အဲဒီနေရာမှာ အချိန်တွေက
ကျနော်ကို အမြဲ နှုတ်ဆက်နေကျပါ ဘာမှ ဆန်းကြယ်တာ မမြင်မိဘူး..
အတွေးတွေလဲ ကိုက်ခဲနေခဲ့သလို ကိုယ့်နှုတ်ခမ်းတွေလဲ ပြန်ပြန်ကိုက်မိနေတုန်းပဲ…
အရိုးစွဲနေတဲ့ အမြင်ကန်းသူတစ်ယောက်ရဲ့ နိဒါန်းတစ်ပိုဒ်အတွက်
ဘယ်လို စာသားတွေကများ လှပအောင် တက်နိုင်ပါမည်နည်း..
ဘယ်လို ဆင်ခြေမှ မပေးနိုင်တဲ့ အဖြစ်…
ထာဝရအတွက် ဆုတောင်းတစ်ခု ပြုကြစတမ်းဆိုရင်
မြူတွေဆိုင်းနေတက်ပြီး နှင်းပွင့်ကလေးတွေ အမှာစကား ထားရှိတက်တဲ့ အချိန်
လင်းရောင်ခြည် ၀င်လုလု ဆည်းဆာအောက်မှာ
လဲလျောင်းရင်း မှင်သက်ချင်တာပါ..အော် ပန်ချီကားတစ်ချပ်လို နေလုံးကြီး အဲဒီမှာပဲ ရပ်တန့်ထားချင်တာ..
သူငယ်ချင်း တစ်ယောက်ပြောသလို ဘ၀ရဲ့ အစ နဲ့ အဆုံး ကိုယ်ဘာသာ ဖန်တီးပါတဲ့..
လှောင်ချင်လျောင် ပြောင်ချင်ပြောင်ပါ.. ဘာဖြစ်ဖြစ် ခံယူဖို့ နဲ့ ၀န်ခံဖို့ အားမွေးထားပြီးသားပါ..
အော်…အားအင်တွေ ဘယ်နေ့ပေါက်ဖွားလာမလဲ မသိနိုင်တော့ပါဘူး….
ဆည်းဆာရယ် လွမ်းလိုက်တာဗျာ…
Comment #1
right,,,
right,,,