နှင်းတွေ တစ်စစီပဲ့ခြွေသွားတဲ့ ကန္တာရသစ်ပင် – နရီထက်
အအေးဒဏ်ခံနိုင်ဖို့ သိုးမွေးဦးထုပ်
နွေကတည်းက ခေါက်ချိုးရာတွေနှင့် ကြာခဲ့ပြီး
ဆောင်းမဖြစ်ခဲ့ပေါ့…
ဆွယ်တာတစ်ထည်လောက်နှင့် သည်ရင်ဘတ်ကြီးက
နွေးထွေးမှုကို ဒီဂရီမတိုင်းတာနိုင်လို့
မှန်ဘီရိုထဲမှာ အလှဆင်မြင်ကွင်းတစ်ခုသာသာပါပဲ
ခြေစွပ်တစ်ဖက်တစ်ချက်က လမ်းလျှောက်မထွက်ချင်ဘူး
နွေလို့ စွပ်စွဲချက်တင်ဖို့အတွက် နှင်းတွေက ဆိုင်းနေရဲ့
နှလုံးဗလာပေါက်အတွက် နှင်းတွေက တိုးဝင်ခွင့်မပေး
အေးစိမ့်ချမ်းကဲမှုကို မခံစားတတ်ခဲ့လို့လား
ခံစားချက်တွေ မေ့များ မေ့နေလား
အပြုံးပေါ်နိုင်တဲ့ နှင်းတွေက
အခုနေတော့ ဒဏ်ရာဟောင်းကို အောင့်တစ်သက်သက်နှင့်
အတိတ်ကို ရေရေလေး ပြုံးခိုင်းရုံပါပဲ…
မြူဆိုင်းနေတာလား နှင်းပိတ်မှောင်နေလား
နေရောင်ခြည်ကို အားစိုက်ကြည့်ချင်တယ်
အဝေးက လှမ်းမြင်နေရတဲ့ နှင်းဆီတစ်ခင်း
နှင်းရည်သောက်ထားတာလား မိုးရည်စိုစွတ်နေတာလား
ကွဲကွဲပြားပြား ချပြမလာတဲ့ အမြင်တစ်ခုကိုပဲ
လျှောက်လွဲချက် တင်ပေါင်းများပြီး…
လက်ယက်ခေါ်ယူလာတဲ့ လေပြေရနံ့ထဲမှာလည်း
နှင်းသက်တွေ ကွယ်ပျောက်နေတာလား
ဖျော့တော့နေတာလား…
နွေကပဲ သက်သေတည်ပေးပါ…
နရီထက်
( ၀၅ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )
Comment #2
ဆွယ်တာတစ်ထည်လောက်နှင့် သည်ရင်ဘတ်ကြီးက
နွေးထွေးမှုကို ဒီဂရီမတိုင်းတာနိုင်လို့
မှန်ဘီရိုထဲမှာ အလှဆင်မြင်ကွင်းတစ်ခုသာသာပါပဲ
ခြေစွပ်တစ်ဖက်တစ်ချက်က လမ်းလျှောက်မထွက်ချင်ဘူး
နွေလို့ စွပ်စွဲချက်တင်ဖို့အတွက် နှင်းတွေက ဆိုင်းနေရဲ့
နှလုံးဗလာပေါက်အတွက် နှင်းတွေက တိုးဝင်ခွင့်မပေး
အေးစိမ့်ချမ်းကဲမှုကို မခံစားတတ်ခဲ့လို့လား
ခံစားချက်တွေ မေ့များ မေ့နေလား
အပြုံးပေါ်နိုင်တဲ့ နှင်းတွေက
အခုနေတော့ ဒဏ်ရာဟောင်းကို အောင့်တစ်သက်သက်နှင့်
အတိတ်ကို ရေရေလေး ပြုံးခိုင်းရုံပါပဲ…ဒီစကားလုံးလေးတွေ ကြိုက်တယ် အားပေးသွားတယ်နော်
Comment #3
အရမ်းကောင်းပါတယ်….တပူဒ်လုံးပဲ……
Comment #1
ခံစားချက်တွေ မေ့များ မေ့နေလား
ကွဲကွဲပြားပြား ချပြမလာတဲ့ အမြင်တစ်ခုကိုပဲ
လျှောက်လွဲချက် တင်ပေါင်းများပြီး…
ကဗျာလေးကောင်းတယ်ဗျ၊အားပေးသွားတယ်နော်