Professional Authors

ခေါင်းလောင်းငိုသံ (၂)

ဘယ်လိုပြဿဒါးကြောင့်မှ
အိပ်ယာနိုးခဲ့တာမဟုတ်ဘူး
ဆေးလိပ်ကိုနှုတ်ခမ်းမှာတေ့ထားရင်း…
ဒိုင်ယာရီကို စုတ်ဖြဲရင်း…
သူမနာမည်လေးကို ပွတ်သပ်ကြည့်ရင်း…
ဒီရနံ့ကို ငါရခဲ့တာ။

ဒီပင်လယ်ထဲမှာ သူမမှောက်ချခဲ့တဲ့ လှိုင်းလုံးတွေရှိမယ်
အလွမ်းဆိုတာသွေးရိုးသားရိုးမဟုတ်ဘူးလို့ပြောရင်
မင်းယုံ….
အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပြူတာရှေ့မှာ
တိတ်တဆိတ်ထိုင်နေရတာကိုက
နောက်ဆုံးပေါ်ငရဲကျနည်းပဲ။

ပြန်လာပါ….
ဟိုအရင်ကလိုဆိုပြီး ငါဆုမတောင်းရခင်
ပြန်လာပါ…
ငါစိုးရိမ်နေတဲ့မနက်ဖြန်တွေ အိပ်မောကျနေတုန်း
ပြန်လာပါ…
နောက်ဆုံးနင်…ငါ့ကဗျာကိုတွေ့ရင် ပေါ့

အဲဒီ့နေ့က သူဟာယုန်မလေးမှန်း
ကျနော်သတိမထားလိုက်မိတာ နာများသွားလား
မကြိုက်တတ်မှန်းသိလို့
စကားဝါလွတ်စားခဲ့ပြီးပြီ
လမင်းဆိုတာနေ့လည်ခင်းရဲ့တမလွန်ပဲလို့သာ
ငါ့ကို အပြစ်တင်လိုက်ပါတော့
အယူအဆတွေအားလုံး
ကောင်းကင်ရဲ့အဲဒီ့နားလေးတင် ပစ်ချထားခဲ့လိုက်ပါပြီ။

မင်းဟာ ငါကိုယ်တိုင်လောင်နေတဲ့ မီးတောက်ကလေးပဲ
မနက်ဖြန်မရောက်ခင် အလောတကြီးမက်လိုက်ရတဲ့
ခကွေးယပင့်လေးဟာလည်း မင်းပဲ
အချိန်စေ့ပြီးသား ရင်ခုန်သံလေးလည်း မင်းပဲဖြစ်တယ်။

ဒီမှာယုန်မလေး…
ပြက္ခဒိန်တွေကို အပြစ်တင်နေမယ့်အစား
တနင်္လာနေ့မှာပြောင်းနေကြည့်ရအောင်
အိပ်ချင်ယောင်ဆောင်တဲ့ဖုန်းက ခေါ်ရခက်တယ်ဆိုတာ
မင်းနားလည်ဖို့ကောင်းတယ်။
 

နေပိုင်
၀၆.၀၁.၂၀၁၂

In: ကဗျာ Posted By: Date: Jan 6, 2012
Comment #1

မင်းဟာ ငါကိုယ်တိုင်လောင်နေတဲ့ မီးတောက်ကလေးပဲ
မနက်ဖြန်မရောက်ခင် အလောတကြီးမက်လိုက်ရတဲ့
ခကွေးယပင့်လေးဟာလည်း မင်းပဲ
အချိန်စေ့ပြီးသား ရင်ခုန်သံလေးလည်း မင်းပဲဖြစ်တယ်။

commentinfo By: nwenyeinaye at Jan 6, 2012
Comment #2

har,,,,,,,,,,har,,,,
mike de kwarrrrrrrr
sa kar lone a tit tway g pe,,,
khan sar hmu a tit tway g pe,,,
tin sar pone a san tway g pe,,,
wow,,,wowwwwwwwwwwwwww
a yan ko daw lar de,,,
heart ko a g g hti twar p.
5 khout taung 1 htine de phat like de naw.

commentinfo By: ei lay at Jan 6, 2012
Comment #3

အရမ်းကောင်းတဲ့ကဗျာလေးပါပဲ
ကိုနေပိုင်ရေ….
အားပေးသွားပါတယ်…
ခံစားချက်ခြင်းတိုက်ဆိုင်မိတဲ့အတွက်
အရမ်းကိုခံစားနားလည်စွာနဲ့ အားပေးသွားပါတယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 6, 2012
Comment #4

ပြန်လာပါ….
ဟိုအရင်ကလိုဆိုပြီး ငါဆုမတောင်းရခင်
ပြန်လာပါ…
ငါစိုးရိမ်နေတဲ့မနက်ဖြန်တွေ အိပ်မောကျနေတုန်း
ပြန်လာပါ…
နောက်ဆုံးနင်…ငါ့ကဗျာကိုတွေ့ရင် ပေါ့

အဲဒီ့နေ့က သူဟာယုန်မလေးမှန်း
ကျနော်သတိမထားလိုက်မိတာ နာများသွားလား
မကြိုက်တတ်မှန်းသိလို့
စကားဝါလွတ်စားခဲ့ပြီးပြီ
လမင်းဆိုတာနေ့လည်ခင်းရဲ့တမလွန်ပဲလို့သာ
ငါ့ကို အပြစ်တင်လိုက်ပါတော့
အယူအဆတွေအားလုံး
ကောင်းကင်ရဲ့အဲဒီ့နားလေးတင် ပစ်ချထားခဲ့လိုက်ပါပြီ။

မင်းဟာ ငါကိုယ်တိုင်လောင်နေတဲ့ မီးတောက်ကလေးပဲ
မနက်ဖြန်မရောက်ခင် အလောတကြီးမက်လိုက်ရတဲ့
ခကွေးယပင့်လေးဟာလည်း မင်းပဲ
အချိန်စေ့ပြီးသား ရင်ခုန်သံလေးလည်း မင်းပဲဖြစ်တယ်။
ကဗျာလေးလာဖတ်သွားတယ်။ကြိုက်တယ်။
အားပေးနေတယ်။

commentinfo By: gadounlay at Jan 6, 2012
Comment #5

ဒီကဗျာလေးကို အရမ်းနှစ်သက်မိပါတယ်…..

commentinfo By: အသဲကွဲမိုး at Jan 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment