ကြယ်တွေငိုတဲ့ည
တည်ဆောက်ဆဲ ကရုဏာလှေငယ်နဲ့
ငါ့ရဲ့ လှေကားထစ်တွေ
လက်ရန်းတွေ ပြိုကျ
ကြယ်တွေငိုကြ
ရဟတ်ချားနှယ် ဇာတ်သွားလယ်ကြပြီ
မထင်မှတ်ပဲ ကြယ်ကြွေတဲ့အခါ
အရောင်စုံကောင်းကင်က
မယုံနိုင်အောင် အရောင်တွေပြောင်းသတဲ့
ပုံသွင်းဆဲ ပညာလှော်တက်နဲ့
ဝေဒနာတွေဖျက် အကြင်နာတွေပေးဆပ်
ချစ်ခြင်း မကင်းတဲ့ အရာတွေနဲ့ပေါ့………..
Comment #3
nice powerful feeling
By: ei lay at May 28, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မထင်မှတ်ပဲ ကြယ်ကြွေတဲ့အခါ
အရောင်စုံကောင်းကင်က
မယုံနိုင်အောင် အရောင်တွေပြောင်းသတဲ့
ပုံသွင်းဆဲ ပညာလှော်တက်နဲ့
ဝေဒနာတွေဖျက် အကြင်နာတွေပေးဆပ်
ချစ်ခြင်း မကင်းတဲ့ အရာတွေနဲ့ပေါ့……