ငြိုး – နရီထက်
အချိန်ဆိုတဲ့ ကစားပွဲတစ်ခုမှာ
အခုနေ ငါ ရှုံးတယ်
အတုန်းအရုန်းနှင့် အိမ်မက်တွေ လဲပြိုနေတယ်
မျှော်လင့်ခြင်း တံခါးအဖွင့်
နတ်ပန်းချီကား ဖန်ဆင်းမထားတော့
အတွေးက မှောင်နိုင်လွန်းတယ်
ဝိုးတ၀ါးနှင့် အရိပ် ဖမ်းပွဲ ကျင်းပနေကြတယ်
အတွင်းပိုင်းအမုန်းနှင့်
ငါလေ… နတ်စကား ဆိုတဲ့
ကလဲ့စားအောက်မှာ မှေးစက်ခဲ့မိတယ်
လွတ်ထွက်သွားတဲ့ အမှန်တရားကို
ပြန်ကောက်မိတဲ့ အချိန်…
ငါက… မှန်နိုင်မှာတဲ့လား..
ငါ ကံကြမ္မာကို ထောင်ကြေးထပ်ပြီး
ပြိုင်နေရတယ်…
မျက်ရည်ဆိုတာ နင်တစ်လှည့်… ငါတစ်လှည့်
ပြန်လည်စီးဆင်းနေတဲ့ မြစ်တစ်ခုလောက်ပဲ
ရယ်သံဆိုတာ နင်နှင့်ငါ ကြား
မိုးချိန်းသံ…
သိက္ခာတစ်ခုတည်းအတွက်…
ရင်ဘတ်က စီးကျလာတဲ့ အက္ခရာ
“အမုန်း” ကို အသက်သွင်း
လူရာဖြစ်အောင် ဖန်ဆင်းတော့
ငါ… ဘ၀နှင့် ရင်း…
နင့်စိတ်တိုင်းကျ ခြယ်လှယ်မှုက
ငါအတွက် လမ်းခင်းထားတာလား
ပုံရိပ်သွင်းထားတာလား
ပစ်လွတ်လိုက်တဲ့ မြားချက်တွေက
အဆိပ်တက်လိုက်… ပန်းခင်းဖြစ်လိုက်နှင့်
နင်နှင့်ငါ …
အမုန်းကို အရှုံးနှင့် အရောင်တင်နေတာကြာပြီး
အချစ်မလျော့သေးတဲ့…
ငါနှင့် နင်… “အငြိုး” ကို
” သခင်” လို မြင်..
ပလ္လင်တော် တင်လို့
တည်တံ့နေကြတုန်းကွယ်…။ ။
နရီထက်
( ၀၉ ၊ ဇန်န၀ါရီ ၊ ၂၀၁၁ )
Comment #2
he,,he,,
a hman tway tate ma pyaw par ne naw,
Comment #3
အချိန်ဆိုတဲ့ ကစားပွဲတစ်ခုမှာ
အခုနေ ငါ ရှုံးတယ်
အတုန်းအရုန်းနှင့် အိမ်မက်တွေ လဲပြိုနေတယ်
မျှော်လင့်ခြင်း တံခါးအဖွင့်
နတ်ပန်းချီကား ဖန်ဆင်းမထားတော့
အတွေးက မှောင်နိုင်လွန်းတယ်
ဝိုးတ၀ါးနှင့် အရိပ် ဖမ်းပွဲ ကျင်းပနေကြတယ်
Comment #5
ကောင်းလိုက်တာဗျာ…
အားပေးသွားပါတယ်။
Comment #6
အငြိုးကဗျာ ကောင်းတယ် ဗျာ၊ပြိးတော့ ရေးထားတဲ့ အသုံးအနှုံးကော စိတ်ကူးကော ကောင်းတယ်။ အငြိုးအတေး တစ်ခု နဲ့ ပြိုင်တဲ့ ပြိုင်ပွဲ အကြောင်းရေးထားတာနော်။ ခံစားချက်ပါတဲ့ တော်တော်ကောင်းတယ်
အချိန်ဆိုတဲ့ ကစားပွဲတစ်ခုမှာ
အခုနေ ငါ ရှုံးတယ်
အတုန်းအရုန်းနှင့် အိမ်မက်တွေ လဲပြိုနေတယ်
မျှော်လင့်ခြင်း တံခါးအဖွင့်
နတ်ပန်းချီကား ဖန်ဆင်းမထားတော့
အတွေးက မှောင်နိုင်လွန်းတယ်
ဝိုးတ၀ါးနှင့် အရိပ် ဖမ်းပွဲ ကျင်းပနေကြတယ်
အတွင်းပိုင်းအမုန်းနှင့်
ငါလေ… နတ်စကား ဆိုတဲ့
ကလဲ့စားအောက်မှာ မှေးစက်ခဲ့မိတယ်
လွတ်ထွက်သွားတဲ့ အမှန်တရားကို
ပြန်ကောက်မိတဲ့ အချိန်…
ငါက… မှန်နိုင်မှာတဲ့လား..
ငါ ကံကြမ္မာကို ထောင်ကြေးထပ်ပြီး
ပြိုင်နေရတယ်…
မျက်ရည်ဆိုတာ နင်တစ်လှည့်… ငါတစ်လှည့်
ပြန်လည်စီးဆင်းနေတဲ့ မြစ်တစ်ခုလောက်ပဲ
ရယ်သံဆိုတာ နင်နှင့်ငါ ကြား
မိုးချိန်းသံ…
သိက္ခာတစ်ခုတည်းအတွက်…
ရင်ဘတ်က စီးကျလာတဲ့ အက္ခရာ
“အမုန်း” ကို အသက်သွင်း
လူရာဖြစ်အောင် ဖန်ဆင်းတော့
ငါ… ဘ၀နှင့် ရင်း…
နင့်စိတ်တိုင်းကျ ခြယ်လှယ်မှုက
ငါအတွက် လမ်းခင်းထားတာလား
ပုံရိပ်သွင်းထားတာလား
ပစ်လွတ်လိုက်တဲ့ မြားချက်တွေက
အဆိပ်တက်လိုက်… ပန်းခင်းဖြစ်လိုက်နှင့်
နင်နှင့်ငါ …
အမုန်းကို အရှုံးနှင့် အရောင်တင်နေတာကြာပြီး
အချစ်မလျော့သေးတဲ့…
ငါနှင့် နင်… “အငြိုး” ကို
” သခင်” လို မြင်..
ပလ္လင်တော် တင်လို့
တည်တံ့နေကြတုန်းကွယ်…။ ။အစကနေ အဆုံးထိကြိုက်လို့  အားပေးသွားတယ်။
Comment #1
အငြိုး…..ကဗျာလေးကောင်းတယ်
အားပေးသွားတယ်နော်