“အမှောင်တွင်းမှ”
ငါတို့…..
ဘာကိုမှမသိလိုက်ပဲရောက်လာခဲ့ကြ
ငါတို့……
လူဖြစ်ခြင်းအစကို အဓိပ္မါယ်မရှိတူုးဆွခဲ့ကြ
ငါတို့…..
အနုပညာဘာမှန်းမသိပဲ ပြောကြဆိုကြငြင်းခုန်ခဲ့ကြ
ငါတို့….
ထိုးကြသတ်ကြဗုံးခွဲကြ မဆိုင်တာကိုဆိုင်ခဲ့ကြ
ငါတို့…..
အရှက်တွေကိုဘေးဖယ်ခဲ့ ဂါရ၀တရားကိုကန်ထုတ်ခဲ့ကြ
ငါတို့….
မသိခဲ့တာတွေနဲ့ မရှိခဲ့တာတွေအပေါ် ဟန်ဆောင်ကောင်းခဲ့ကြ
ငါတို့….
သူများမျောတဲ့ရေစီးကို နားမလည်ပဲစီးမျောဖို့ ကိုယ့်ကိုယ်ကို ထိုးကျွေးခဲ့ကြ
ငါတို့ …..
မီးပျက်နေတာကြာပီ။။
မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)
Comment #2
အိလေးရေ နောက်ကို ကျနော်နားလည်အောင်ရေးပါ့မယ် 😛
ဆိုလိုချင်တာက ကျနော်တို့ရဲ့သိစိတ်တွေ ကျနော်တို့ဘယ်အရာကိုသိသင့်တယ်ဆိုတာကို မသိတာတွေကိုပြောချင်တာပါ 🙂
By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Jan 11, 2012
Comment #3
aww,,,
aww,,
hote,,,kyay zu,,,
nar le par p…
hote tar pe naw,,he,,he,,
no i can feel ur meaningful poem.
By: ei lay at Jan 11, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
mike de,
writing style ka ta myo lay..
but ei lay kyike bu,
he,,he,,nar ma le loh,,,