Professional Authors

အလွမ်းအတွက်ရိက္ခာ (သက်ထွေး)

ဟောဒီအလွမ်းတွေ
ရင်ဘတ်တစ်ခုလုံးဖွေးနေချိန်မို့
မင်းပစ်ချသွားခဲ့တာတောင်မှ
မနာတတ်ခဲ့ဘူး ။

အလွမ်းပင်တွေ
ကြီးပြင်းလေ
ကိုင်းယှက်လေပဲ
တစ်တောလုံး
အလွမ်းရနံ့တွေနဲ့
ထုံသင်း ..
ဘယ်ဘက်ရင်ခွင်မှာ ..
အော်ကြီးဟစ်ကျယ်နဲ့
အလွမ်းသီချင်းတစ်ပုဒ်တောင်
ဆိုညည်းလိုက်သေးတယ် ။

အချစ်ကျောင်းဆင်း
ခေါင်းလောင်းထိုးချိန်ဆို
အလွမ်းတွေခမျာ ..ဖရိုဖရဲ
ငါလေ ..
အသက်ရှူသံမမှန်ပဲ
ဒီအလွမ်းတွေ လိုက်လိုက်ကောက်ရတာ ..
ကြာတော့လဲမောပြီ ..ကောင်မလေးရယ် ။

မင်းလဲမြင်မှာပဲ …..
ဒီရင်ခွင်ဗလာတစ်ခုလုံးမှာ
အလွမ်းတွေနဲ့ ..ချုပ်ရာတွေကြီးပဲ
မျက်စောင်းတို့နဲ့တော့
အလွမ်းတွေကို ….
ပိုးစိုးပက်စက် ..မကျိန်ဆဲ ပစ်လိုက်ပါနဲ့။

အလွမ်းလေးဆ ..မြေဩဇာကတစ်စတဲ့
မင်းပဲ ..သင်ပေးခဲ့တာ ..
ကုန်ကြမ်းတွေ ..ခမ်းပြီကောင်မလေးရေ
မင်းဘက်က
ကုန်ချောတွေလဲ ..တင်ပို့ပေးပါဦး ။

ငါက
အလွမ်းတွေနဲ့
နွေ ..ဆောင်းမချန်
ရောင့်ရဲနိုင်ခဲ့သူပါ
ဒါပေမဲ့
မိုးကျရင်လေ ..
ငါ့အတွက်အမိုးလေးတော့ ..လာမိုးပေးလှည့်ပါဦး
ကောင်မလေးရယ်
ဒီအဖာတစ်ရာ ..အလွမ်းအင်္ကျီတစ်ထည်က
နွေဆောင်းအတွက်
တစ်ခုတည်းသော ..ရိက္ခာမို့ပါ။

သက်ထွေး
ဇွန် ၁၇ ၂ဝဝ၇

In: ကဗျာ Posted By: Date: May 21, 2010
Comment #1

အလွမ်းဓာတ်ခံရှိသူမို့လားမသိဘူး…
ကဗျာလေးဖတ်ပြီးပိုလွမ်းလာတယ်….

commentinfo By: အမရာ at May 21, 2010
Comment #2

အချစ်ကျောင်းဆင်း
ခေါင်းလောင်းထိုးချိန်ဆို
အလွမ်းတွေခမျာ ..ဖရိုဖရဲ
ငါလေ ..
အသက်ရှူသံမမှန်ပဲ
ဒီအလွမ်းတွေ လိုက်လိုက်ကောက်ရတာ ..
ကြာတော့လဲမောပြီ ..ကောင်မလေးရယ် ။

မင်းလဲမြင်မှာပဲ …..
ဒီရင်ခွင်ဗလာတစ်ခုလုံးမှာ
အလွမ်းတွေနဲ့ ..ချုပ်ရာတွေကြီးပဲ
မျက်စောင်းတို့နဲ့တော့
အလွမ်းတွေကို ….
ပိုးစိုးပက်စက် ..မကျိန်ဆဲ ပစ်လိုက်ပါနဲ့။

ကောင်မလေးရယ်
ဒီအဖာတစ်ရာ ..အလွမ်းအင်္ကျီတစ်ထည်က
နွေဆောင်းအတွက်
တစ်ခုတည်းသော ..ရိက္ခာမို့ပါ။

(((((((((((((((((((((((((:
ကဗျာလေးက ကောင်းလို့ ကူလွမ်းသွားပါ၏..

commentinfo By: ဖြိုးဖြိုး at Apr 24, 2011
Comment #3

ငါက
အလွမ်းတွေနဲ့
နွေ ..ဆောင်းမချန်
ရောင့်ရဲနိုင်ခဲ့သူပါ
ဒါပေမဲ့
မိုးကျရင်လေ ..
ငါ့အတွက်အမိုးလေးတော့ ..လာမိုးပေးလှည့်ပါဦး
ကောင်မလေးရယ်
ဒီအဖာတစ်ရာ ..အလွမ်းအင်္ကျီတစ်ထည်က
နွေဆောင်းအတွက်
တစ်ခုတည်းသော ..ရိက္ခာမို့ပါ။
ကြိုက်လိုက်တာဗျာ…တော်ချက်

commentinfo By: အသဲကွဲမိုး at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment