တဖက်သတ်အချစ်..
ဆက်ခဲ့ရတဲ့ ဖုန်းတွေ
ပို့ခဲ့ရတဲ့ မေးလ်တွေ
အိပ်မရတာက များနေ
ချစ်ခွင့်မရတော့ ငါမှာခက်နေ….
ချစ်တယ်လို့လည်း ဖွင့်ပြောဖို့ကခက်
မင်းအကြောင်းက ငါခေါင်းထဲမှာထိုးနက်
အိမ်မက်ကလည်း တချို့တစ်ဝက်
လန့်ကာနိုးတော့ အိပ်ရေးကပျက်….
ကံခေလွန်းလှတဲ့ ငါအဖြစ်
တစ်ခါလောက်တော့ အချစ်စစ်နဲ့ဆုံချင်မိတယ်…
ဟို…ထိပ်ထားရယ်…..
လွတ်လပ်နေတဲ့ မင်းရင်ထဲမှာ
နေရာတစ်ခုလောက်တော့ ပေးစေချင်တယ်…
မင်းဆီက အချစ်ပန်းလေး
ဘယ်တော့မှ ပွင့်လာမှာလဲ
စောင့်နေရတာက နှစ်လကြာ
ချောင်ခိုပြီး ခိုးခိုးကြည့်ရတဲ့
မင်းအပြုံးတစ်စုံနဲ့ မျက်ဝန်းတစ်စုံကို
ငါဘယ်တော့များမှ ပိုင်ဆိုင်နမ်းရှိုက်ခွင့်ရပါမလဲ…
ငါလိုလူတွေကလည်း တန်းဆီလို့
သူများ ခူးချွေသွားမှာကိုလည်းကြောက်မိတယ်..
တဖက်သတ်အချစ်မျိုးကို
နောက်နောင်ဘဝမှာ မကြုံရပါစေနှင့်
ကံကြမာရယ် မျက်နှာလေးတော့ ပေးသင့်ပါတယ်….
စိုး………..
Comment #2
ကဗျာကောင်းလေးဘဲဗျ
အားပေးတယ် ~~
Comment #3
oh,,,,,,,,oh,,,,,,,,,,oh,,,,,,,,,,
hote de,,
1 bet tat a chit ka a yan maw de.
a pyay pyaing pwe hmar taung e lout yin ma tone ya bu ,,
Comment #4
ခံစားအားပေးသွားပါတယ်ဗျာ…
Comment #6
feel again
Comment #1
အားပေးသွားပ်ါတယ်…..