Professional Authors

ရင်ကွဲစများ ၂

မင်းဟာ ဗြဟ္မာ့ပြည်ကဆင်းလာတဲ့ အပ်တစ်စင်း
ငါဟာ ငရဲပြည်ကတက်လာတဲ့ အပ်တစ်စင်း
အဲဒီအပ်နှစ်စင်း လူ့ပြည်မှာဆုံဖို့ စောင့်ခဲ့ရတာ အနှစ်နှစ်ဆယ်

ငရဲကလာသူ ပြာပူမကြောက်၊ ဘာအပူမှ မကြောက်
ကဗျာမီးပုံထဲ တစ်ကိုယ်လုံး ခုန်ဆင်းနေတဲ့ခပ်ရိုင်းရိုင်းခွေးတစ်ကောင်ဟာ
မင်းလက်မှာ ယဉ်ပါးခဲ့ရတယ်
မျက်စိမှိတ်နားပိတ်ပြီး အမြဲတိတ်ဆိတ်နေတဲ့ငါ့အတွက်
လူ့လောကကိုကြည့်ဖို့ ဖွင့်ပေးလိုက်တဲ့ပြတင်းပေါက်ဟာ မင်းပဲ

ငါ့မှာသာ ရိုးသားတဲ့စိတ်မရှိခဲ့ရင်
မင်းရဲ့ဖြူဝင်းတဲ့အသားအရည်နဲ့ငါ့ခပ်မွဲမွဲအသားအရည်
ဘယ်လိုမှ လိုက်ဖက်ခဲ့မှာ မဟုတ်ဘူး
မင်းမှာသာ ကိုယ်ချင်းစာနားလည်စိတ်မရှိခဲ့ရင်
မင်းရဲ့သိမ်မွေ့မှုနဲ့ငါ့ခက်ထန်မှု
ဘယ်လိုမှ ဆွဲငင်နိုင်ခဲ့မှာ မဟုတ်ဘူး

မင်းအသက်မင်းအရွယ်နဲ့၊ မင်းရုပ်ရည်လေးနဲ့ဆိုရင်
မင်းဆီဦးညွှတ်ရောက်ရှိလာမယ့်ယောက်ျားပေါင်းထောင်သောင်းကို
စူပါမတ်ကက်(ထ်)မှာ အသုံးအဆောင်ရွေးသလို ရွေးချယ်ခွင့်
မင်းမှာ ရှိခဲ့ပါရဲ့ကွယ်
မင်းရွေးချယ်ခွင့်နဲ့မင်းဂုဏ်သိက္ခာကို လျစ်လျူရှုပြီး
ဂူအောင်းလူလိုငါ့အပေါ် မင်းထားခဲ့တဲ့မိခင်စိတ်
ငါ တစ်သက်လုံး ဖွဲ့ဆိုလို့ မီမှာမဟုတ်ဘူး

အခြေအနေအရဆိုတဲ့တောင်းဆိုမှုတွေမပါဘဲ
မင်းက ငါ့ကို ချစ်ခဲ့တယ်
အချိန်အခါအရဆိုတဲ့ဆာလောင်မှုတွေမပါဘဲ
ငါက မင်းကို ချစ်ခဲ့တယ်

ကော်ဖီတစ်ခွက်တည်းကို နှစ်ယောက်မျှသောက်ပြီး
မင်းနဲ့ငါ အရသာရှိရှိ အဓိပ္ပာယ်ရှိရှိ အပြန်အလှန် ပြုံးကြည့်ခဲ့ကြတယ်
အချစ်ဆိုတာ တစ်ယောက်မျက်ရည်ကို
တစ်ယောက်က မျက်တောင်ပုတ်ခတ်ဖယ်ရှားတာပဲလို့
မင်းနဲ့ငါ သက်ဝင်ယုံကြည်ခဲ့ကြတယ်

ငါ့ဘ၀ဟာ မင်းဖော်ထုတ်ခဲ့တဲ့ဖော်မြူလာ
ငါ့အရာရာကို မင်းလည်း တစ်ဝက်ပိုင်တယ်
ခုတ်ရာထစ်ရာတွေ မွှန်ထူနေတဲ့အရှင်လတ်လတ်ဘ၀တွေကြားမှာ
ငါတို့ တစ်ယောက်ရင်ကို ထွန်ယက်ပြီး တစ်ယောက်ဘ၀ကို စိုက်ပျိုးခဲ့ကြ
တစ်ယောက်စိတ်ကူးနဲ့ တစ်ယောက်ခြေတစ်ယောက်လက်
ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရိုးသားခဲ့ကြ

ကိုယ့်အနမ်းကို ယုံလို့ နှုတ်ခမ်းတစ်စုံလုံး ပုံအပ်ခဲ့တဲ့
မိန်းမတစ်ယောက်ရဲ့ဘ၀ကိုတောင်
လုံခြုံအောင် ထွေးပွေ့မထားနိုင်တဲ့ငါပါကွာ
မြတ်နိုးမှုတစ်ခုတည်းနဲ့ မင်းကို ဆွဲချခဲ့မိတဲ့ငါ့လက်ငါ
ရန်သူလို နာနာကျည်းကျည်း ကြည့်မိတယ်

ငါ ဘယ်လိုမှ မေ့မှာမဟုတ်ဘူး
`ငုယင်ဗန်ထရွိုင်း´ဖတ်ပြီး
`ကိုကို ထရွိုင်းမလုပ်နဲ့နော် . . .
ညီမလေးသာ ကျူရင်နေရာမှာ နေရရင်
ရင်ကွဲပြီး သေမှာပဲ´
မျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းလေးတွေနဲ့
ငါ့ကို စိုက်ကြည့်ရင်း အဲဒီလို မင်းပြောတော့
ငါ မင်းဆံနွယ်လေးတွေကို ပွတ်သပ်ပြီး ရယ်မောခဲ့မိတယ်
`စိတ်ချပါညီမလေးရဲ့ . . .
ကိုကိုဟာ ဘယ်တော့မှ ထရွိုင်းလို ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး´
ငါ တကယ်ကို လှိုက်လှိုက်နင့်နင့် ရယ်မောခဲ့မိတယ်

အခု ငါဟာ ထရွိုင်းစိတ်နဲ့ငါ့ကိုယ်
ငါ့မိသားစု လွတ်မြောက်တာ ငါ လိုချင်တယ်
လောကဓံကို အသေခံဗုံးခွဲရမယ်

ဆုပ်ကိုင်ထားတဲ့မင်းရဲ့လက်ကိုဖြည်ချခဲ့ရတာဟာ
ငါ့လက်ငါ ဖြတ်ပစ်ခဲ့ရတာပါပဲ
`တစ်နေ့နေ့ပေါ့ . . .မင်းစောင့်နေမယ်မဟုတ်လား´

ရောက်ရာပေါက်ရာမိုက်တွင်းနက်နက်ထဲက
မင်းနာမည်ကို အော်ခေါ်နေတဲ့ငါ့အသံဟာ
ရင်နံရံမှာ တ၀ုန်းဝုန်း ပဲ့တင်ထပ်နေမယ်
ပြာနှမ်းနေတဲ့ငါ့တမ်းတမှုအတွက်
မင်းကိုယ်သင်းနံ့ဟာ အသက်ကယ်ဆေးပဲ ဖြစ်မှာပါ

                                                       ကိုသျှား

In: ကဗျာ Posted By: Date: Jan 14, 2012
Comment #1

အခြေအနေအရဆိုတဲ့တောင်းဆိုမှုတွေမပါဘဲ
မင်းက ငါ့ကို ချစ်ခဲ့တယ်
အချိန်အခါအရဆိုတဲ့ဆာလောင်မှုတွေမပါဘဲ
ငါက မင်းကို ချစ်ခဲ့တယ်……………. ( ဘယ်လ်ုပြောရမလဲ…… ပြောစရာမရှီအောင်ကောင်းပါတယ်)

commentinfo By: May Kha at Jan 14, 2012
Comment #2

ကဗျာကနဦးပိုဒ်တွေ ရေရေလည်လည်မိုက်တယ်ဗျ
အတွေးအခေါ် ၊ အရေးအသား ၊ စကားလုံးအဆက်အစပ် ဘာမှကိုပြောစရာမရှိဘူး ။

commentinfo By: X - ray at Jan 15, 2012
Comment #3

wow,,,,,,,,
so nice

commentinfo By: ei lay at Jan 15, 2012
Comment #4

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ..
ရေးထားတဲ့စာသားတွေလည်း ကောင်းတယ်…
ကြိုက်တယ်ဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 15, 2012
Comment #5

ဆုပ်ကိုင်ထားတဲ့မင်းရဲ့လက်ကိုဖြည်ချခဲ့ရတာဟာ
ငါ့လက်ငါ ဖြတ်ပစ်ခဲ့ရတာပါပဲ…
ပြာနှမ်းနေတဲ့ငါ့တမ်းတမှုအတွက်
မင်းကိုယ်သင်းနံ့ဟာ အသက်ကယ်ဆေးပဲ ဖြစ်မှာပါ…
ကဗျာက မိုက်တယ်….။….။

commentinfo By: SoFarAwayFromU at Jan 15, 2012
Comment #6

အကိုရေ…
အကို့ရဲ့ကဗျာကောင်းတွေမြောက်မြားစွာထဲက
ညီကြိုက်တဲ့ကဗျာတစ်ပုဒ်ထပ်ရောက်လာပြန်ပြီလို့
ဆိုရမှာပါပဲ…ဒီကဗျာကိုရေးဖွဲ့ခဲ့တဲ့ အကို့ရဲ့နှလုံးသား
တံခါးမြည်သံတွေကို ကျွန်တော်ကြားတိုင်း အကို့ရဲ့
ရင်ဘတ်ထဲကို ၀င်ဝင်ကြည့်ခဲ့ပါတယ် အကိုရေ

commentinfo By: ရွှေကြယ်မိုး at Jan 15, 2012
Comment #7

ငါ့ဘ၀ဟာ မင်းဖော်ထုတ်ခဲ့တဲ့ဖော်မြူလာ
ငါ့အရာရာကို မင်းလည်း တစ်ဝက်ပိုင်တယ်
အခု ငါဟာ ထရွိုင်းစိတ်နဲ့ငါ့ကိုယ်
ငါ့မိသားစု လွတ်မြောက်တာ ငါ လိုချင်တယ်
လောကဓံကို အသေခံဗုံးခွဲရမယ်

ဆုပ်ကိုင်ထားတဲ့မင်းရဲ့လက်ကိုဖြည်ချခဲ့ရတာဟာ
ငါ့လက်ငါ ဖြတ်ပစ်ခဲ့ရတာပါပဲ
`တစ်နေ့နေ့ပေါ့ . . .မင်းစောင့်နေမယ်မဟုတ်လား´

ရောက်ရာပေါက်ရာမိုက်တွင်းနက်နက်ထဲက
မင်းနာမည်ကို အော်ခေါ်နေတဲ့ငါ့အသံဟာ
ရင်နံရံမှာ တ၀ုန်းဝုန်း ပဲ့တင်ထပ်နေမယ်
ပြာနှမ်းနေတဲ့ငါ့တမ်းတမှုအတွက်
မင်းကိုယ်သင်းနံ့ဟာ အသက်ကယ်ဆေးပဲ ဖြစ်မှာပါ
……………..
အားပေးဖို့..အတွက်..ကျွန်တော် ဒီကဗျာလေးဖတ်မိခဲ့…..
ဖတ်မိခဲ့ပြီးနောက်ပိုင်း……………..အားပေးဖို့..အားအင်မရှိတော့
ကိုသျှား..နောက် … ဒီလို… နာကျင်မှုတွေအနုစိတ် မဖွဲ့နဲ့ဗျာ
ကျွန်တော် အစထဲက …အသည်းကောင်းတာမဟုတ်ဘူးဗျ

commentinfo By: အသဲကွဲမိုး at Jan 16, 2012
Comment #8

ma moe ka le naw…
he,,he,,,da ke pe,,,r say lay bar lay tout like ong naw.
this is the only 1 that i like best ko htiar’s poem.

commentinfo By: ei lay at Jan 16, 2012
Comment #9

မိုက်ချက်ကတော့ ကမ်းကုန်ပဲ…
လိုက်မမှီတော့ဘူး…ကဗျာဆရာရေ

commentinfo By: terry at Jan 16, 2012
Comment #10

အကို့ ကဗျာဖတ်ရင်း ပန်းနုရောင်နှုတ်ခမ်းတစ်စုံကို လွမ်းမိတယ်ဗျာ။
( လူသားတိုင်း ငြိမ်းချမ်းစွာ ချစ်ခွင့်ရနိုင်ကြပါစေ ) 🙂

commentinfo By: Mg kg lay at Jan 16, 2012
Comment #11

ဟာ အံ့သြစရာကောင်းလောက်အောင်ပါပဲ
ကျွန်တော် မတက်ဖြစ်တဲ့အချိန်မှာ ဒီလောက်တောင်ကွန်မန့်တွေများနေတယ်
ကိုသျှားကို ၀ိုင်းဝန်းအားပေးကြတဲ့သူငယ်ချင်းတွေအားလုံးကို
ကိုသျှားက ဘယ်လိုပြောရမှန်းမသိအောင် ကျေးဇူးတင်ပါတယ်
ကိုသျှားကို အားပေးတဲ့သူငယ်ချင်းတွေဟာ ကိုသျှားအတွက်
ရွှေသားစစ်စစ်တွေပါပဲ…..
အသည်းမကောင်းတဲ့မမိုးကိုတော့ မအိလေးကပဲ တာဝန်ယူပြီး
ဆေးပေးလိုက်ပါဗျာ….နော်….

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Jan 18, 2012
Comment #12

ကဗျာ တစ်ပုဒ်လုံး ကိုခံစားရတယ်
ကဗျာကောင်းလေးတွေ ဆက်ရေးပါနော်
အရမ်းမိုက်တယ်။ အားပေးနေတယ်။

commentinfo By: gadounlay at Jan 18, 2012
Comment #13

hote ke,,
but,i m not doctor naw,,he,,he,,
Doctor yan ku dot a mye tan loak de,,kwi,,kwi,,
Doctor a sit tway ko taung ei lay ka say pay dar par naw.
so dot ei lay ko yone de ma lar,ma moe,,,he,,he,,

commentinfo By: ei lay at Jan 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment