ငါ့ရဲ့အနှစ်သက်ဆုံးများ
ဖြစ်မလာချင်းတွေအတွက်
တကူးတကမျှော်လင့်ပြရတာကိုးက
ငါ့ရဲ့အနှစ်သက်ဆုံးများ
ရောင့်ရဲနိုင်တတ်သလိုလိုနဲ့
ဟန်ကို့ဖို့နေတတ်ဖို့ကို
ရင်းရတဲ့မျက်ရည်တွေက
ငါရဲ့အနှစ်သက်ဆုံးများ
မြင်ရပါလျက်နဲ့
ခိုးခိုးကြည့်ရတဲ့အရသာကိုမှ
နှစ်လိုမိတဲ့
ငါ့ရဲ့အနှစ်သက်ဆုံးများ
ခဏပါ….
ကြာတော့လဲမေ့လွယ်ပျောက်လွယ်ပေါ့တဲ့
အထိန်တလန့်ရှိလှတဲ့စကား
သို့မဟုတ်……
နမိတ်မကောင်းတဲ့စကား….
ငါ့ရဲ့အနှစ်သက်ဆုံးများ
ဒီလိုနဲ့များ……
ဟိုးအဝေးကြီးကို….လွင့်လွင့်ထွက်သွားပစ်လိုက်ဖို့
ဆုမတောင်းပဲနဲ့ပြည့်လာရတဲ့
ငါရဲ့အနှစ်သက်ဆုံးများ……..။။။
အမရာ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းပါတယ်အစ်မရေ……