နေ့ည နှင်းဆီ
မရူးချင်စမ်းပါနဲ့ကလေးရယ်
နေ့တွေညတွေမရှိဘဲ
ဘ၀ကို ရှေ့ဆက်ချင်လို့မရဘူး
ငါပြောပြတဲ့ အချစ်ဆိုတာကို
ပုံပြင်လို့ပဲသတ်မှတ်
မိဘစိတ်အတိုင်း အဆက်ဖြတ်လေ
အချစ်တွေအလွမ်းတွေကို
သေချာနားလည်ရင်း
တစ်ချိန်က ဆိုတဲ့အသိနဲ့
အားယူပြုံးပြလိုက်စမ်းပါ
အခြေအနေတွေကြောင့် ဝေးရတာလို့
ငါ လက်ခံတယ်
တကယ်တော့……
နှစ်ယောက်လုံး တစ်နေရာစီ
ချို့တဲ့ခဲ့ကြတာချည်းပဲ
နေ့တစ်ခြမ်း ညတစ်ခြမ်းနဲ့
ရင်ပွင့်မတတ်အလွမ်းတွေ
ချစ်သူ မခံစားရလေအောင်
နှင်းဆီတစ်ပွင့်
နင့်စာသင်ခုံပေါ်
ဘယ်တော့မှ လာမတင်ဖြစ်တော့ဘူး
Comment #2
အရမ်းကောင်းတယ် သိလား
အကိုလုံးဝ ညီ့ကိုစောင့်ကြည့်
အားပေးနေမယ်နော်

Comment #3
he,,he,,
tate p nar ma le bu,

Comment #4
တကယ်တော့……
နှစ်ယောက်လုံး တစ်နေရာစီ
ချို့တဲ့ခဲ့ကြတာချည်းပဲ
နေ့တစ်ခြမ်း ညတစ်ခြမ်းနဲ့
ရင်ပွင့်မတတ်အလွမ်းတွေ
ချစ်သူ မခံစားရလေအောင်
နှင်းဆီတစ်ပွင့်
နင့်စာသင်ခုံပေါ်
ဘယ်တော့မှ လာမတင်ဖြစ်တော့ဘူး

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
goodတယ်..ညီအားပေးသွားပါတယ်။