သတိရနေဆဲပါ..ဒက်ဒီ…….
သမီးတို့မြို့လေးမှာ
နှင်းတွေ ကျနေပြီ…
ကလေးဘ၀တုန်းကလို
မနက်စောစော လမ်းလျှောက်ဖို့
ပျင်းနေတဲ့ သမီးကို နှိုး…
တစ်ယောက်ထဲ မသွားချင်ဘူးလို့
ပြောတဲ့စကားတွေ
ပြန်ကြားယောင်နေမိတယ်…
ကြက်တောင်ရိုက်တိုင်းလည်း
\”ချန်ပီယံ ပေါက်စ\”ဆိုတဲ့
ချစ်စနိုးခေါ်သံကိုလည်း
နားထဲကြားယောင်မိဆဲပါ…
မနက်တိုင်း ဒက်ဒီရဲ့နှိုးသံကို လွမ်းတယ်…
သားအဖနှစ်ယောက် စကားတွေပြောရင်း
အိပ်ယာဝင်ခဲ့တဲ့ အချိန်တွေကို တမ်းတတယ်…
မောင်နှမတွေထဲမှာ ဘယ်သူ့ကို
အချစ်ဆုံးလဲလို့ မေးတိုင်း
မချစ်ဘူး ဖြေလို့ စိတ်ကောက်ခဲ့ရတဲ့အချိန်တွေ…
ပြန်တွေးကြည့်တိုင်း
မျက်ရည်ဝဲရင်း ပြုံးခဲ့ရတယ်…
အချိန်တွေသာ ကြာခဲ့ပေမယ့်
ဒက်ဒီ့ကို သတိရ..လွမ်းခဲ့စိတ်တွေ
အခုချိန်ထိ မလျှော့ပါးခဲ့ပါဘူး…ဒက်ဒီ………..
Comment #1
ဒို့ လည်း ဖေကြီးကိုလွမ်းတယ်