လေလွင့်ငှက်တစ်ကောင်ရဲ့နားခိုရာ-(နေသာ)
ချစ်သူ
ပန်းနုေ၇ာင်အချစ်ဇတ်လမ်းမှာ
မှိုင်းပြာပြာတောတောင်တွေထဲ
ငှက်မောင်နှံပျံသန်းခဲကြတယ်
ချစ်သူ
ကောင်းကင်မှာပွင့်တဲ့ပန်းကို
မြေပြင်ကနမ်းချင်သူအတွက်
အလွမ်းသင့်တဲ့တွေ့ဆုံပွဲမှာ
နှုတ်ခမ်းအဖွင့်
အဆိပ်သင့်တဲ့စကားလုံးတွေနဲ့
အပြာေ၇ာင်နှလုံးသားတစ်ခု
ပက်လက်ပျံတဲ့ငှက်လို
တကယ့်ကိုဇောက်ထိုးဖြစ်ခဲ့၇တယ်
ချစ်သူ
အလှမ်းမဝေးတဲ့ပန်းဥယဉ်မှာ
အလွမ်းပန်းလေးပွင့်နိုင်ဖို့ 
အ၇ှုံးသမား၇ဲ့မျက်၇ည်တွေ
သွန်းလောင်းခဲ့၇တယ်
နှုတ်ဆက်ခဲပါတယ်
မမြည်နိုင်တော့တဲ့ခေါင်းလောင်းလေး၇ဲ့
သံစဉ်ချိုကျောင်းခေါ်သံကို
ကြားချင်သေးပေမယ့်
လေလွင့်ငှက်တစ်ကောင်ရဲ့နားခိုရာမှာ
အချစ်မ၇ှိတော့ဘူး
ဆုတောင်းနေဦးမယ်………..
လွမ်းေ၇ာင်လွင့်တဲ့ဒီဇတ်လမ်းမှာ
သံသ၇ာတစ်ကျော့ပြန်မဆုံနိုင်တော့ဘူး…..
ဒါပေမယ့်…….ချစ်သူရေ
ယုံကြည်လွန်အချစ်ရဲ့ရောင်ပြန်ဟပ်မှု့ဟာ
ရေကိုမီးနဲ့ကစားခဲ့သူအတွက်
နိဂုံးချုပ်ဇတ်သိမ်းမဖြစ်ပါစေနဲ့လို့
ဆုတောင်းခဲ့ဘူးတယ်………။
နေသာ.
Comment #2
သူငယ်ချင်းရေ
အားပေးသွားတယ်ဟေ့
Comment #3
ကိုမိုးထက်အောင်……ကော်မန့်လေးကိုဖတ်ရတော့.
ကြားရတဲ့သတင်းမှားပါစေ……………. ပြန်လာပီးရေးအုံးမှာပါနော်…
Comment #1
အားပေးသွားပါတယ်ဗျာ……