တုန့် ပြန်မှု၏ စတင်ခြင်း
လူတွေကပြောကြတယ်..
တစ်ခုခုကို သူတို့ မလုပ်နိုင်တော့ဘူးဆိုရင်
အသွားရှိမှ အပြန်ရှိမှာပေါ့တဲ့။
ဒါဆိုဘာလို့ သင်ကိုယ်တိုင်
စသွားဖို့ မကြိုးစားသလဲ။
လူတွေကပြောကြသေးတယ်..
သူကြင်မှ ကိုယ်ကြင်တဲ့
(သူပြုံးမှ ကိုယ်ပြုံး)
ဒါက မှန်ဥပမာပေါ့။
ဒါဆိုသူတို့ မေ့နေတာရှိတယ်
မှန်ထဲက ကိုယ့်အရိပ်ပြုံးဖို့ 
ကိုယ်က အရင်စပြုံးပြရတယ်
ဆိုတာကိုပေါ့။
ဒိတော့ တုန့် ပြန်မှုဆိုတာ
စတင်ခြင်းကနေ ပေါက်ဖွားလာတယ်။
Comment #3
မောင်ကောင်လေးပြောတာ မှန်တော့မှန်တယ်ဗျ
ဒါပေမယ့်…….
တစ်ချို့လူတွေက တူညီတဲ့ တုံ့ပြန်မှုဆိုတာကို သိပ်အလေးမထားတတ်ကြဘူး
ဘယ်သူမဆို ကိုယ်ချမ်းသာဖို့ ကိုယ့်ဘာကိုယ်ကြိုးစားရမှာဘဲဗျ သူများကတစ်ခုခုလုပ်ပေးမှ စိတ်ချမ်းသာမယ်ဆိုရင်တော့ အဲ့ဒီလူက တစ်သက်လုံးစိတ်ချမ်းသာရမယ်မထင်ဘူး ဒါကျွန်တော်ပြောတာမဟုတ်ဘူး ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်က သိရတာပါ
ကဲ……ကျွန်တော်လျှာရှည်သလိုဖြစ်သွားရင် sorry ဗျာ
ကဗျာက မမှန်တဲ့စိတ်ထားလေးတွေကို ပြုပြင်ပေးနိုင်စေမယ့် ကဗျာမျိုးပါ
တကယ်ဖတ်သင့်တဲ့ ကဗျာလေးတစ်ပုဒ်ပါ
ခံစားအားပေးသွားပါတယ် ။
Comment #4
အင်း…ဒါလည်း ဟုတ်တာပဲ…
အားပေးသွားပါတယ်။
Comment #5
လူတွေကပြောကြတယ်..
တစ်ခုခုကို သူတို့ မလုပ်နိုင်တော့ဘူးဆိုရင်
အသွားရှိမှ အပြန်ရှိမှာပေါ့တဲ့။
ဒါဆိုဘာလို့ သင်ကိုယ်တိုင်
စသွားဖို့ မကြိုးစားသလဲ။
လူတွေကပြောကြသေးတယ်..
သူကြင်မှ ကိုယ်ကြင်တဲ့
(သူပြုံးမှ ကိုယ်ပြုံး)
ဒါက မှန်ဥပမာပေါ့။
ဒါဆိုသူတို့ မေ့နေတာရှိတယ်
မှန်ထဲက ကိုယ့်အရိပ်ပြုံးဖို့ 
ကိုယ်က အရင်စပြုံးပြရတယ်
ဆိုတာကိုပေါ့။
ဒိတော့ တုန့် ပြန်မှုဆိုတာ
စတင်ခြင်းကနေ ပေါက်ဖွားလာတယ်။
Comment #1
ofcourse,,
100% right.
some of my mottos r,,,,,
1. “u’ll get what u give”…
2.”give & take” not “take & give”
3.honesty & simplicity are my hobby.
4.give a lot,,hope a little.
5.give happiness to everyone.