အထီးကျန် အနိစ္စရင်ခွင်
ခွန်းနှုတ်ချိုတဲ့ ဘဝလွင်ပြင်ထဲ
အရသာတစိတ်နဲ့ အိပ်ပျော်နေဆဲ
မှတ်တိုင်မဲ့တဲ့ လမ်းခုလပ်မှာ
အထီးကျန် လွင့်မြောရင်းနဲ့
ပျံဝဲနေဆဲ ကောင်းကင်ယံမှာ
မိုးသားမည်းညိုတွေ ငိုချနေပြန်ပြီ…။
ငိုချမိတဲ့ အတိတ်တွေရယ်
တွေ့ကြုံဖူးတဲ့ နိမိတ်တွေရယ်
အိပ်ပျော်နေတဲ့ စွယ်တော်ရွက်တွေရယ်
အိပ်မက်ပြင်လွှာမှာ သိုင်းခြုံလွှမ်းမိုးရင်း
ဘဝဇာတ်ခုံပေါ်မှာ ခုတ်မောင်းနေဆဲ…။
နှင်းသက်ခြွေခဲ့တဲ့ နေ့ရက်တွေကြား
သက္ကရာဇ်တွေ တိုက်စားသွားရင်း
မနိုးကြားသေးတဲ့ စက်ရုပ်နှလုံးသားထဲ
လေ့ကျင့်ခန်းဝင်ရင်း စမ်းသပ်နေတုန်း
နောက်ကားတွေ ကျော်တက်လို့
အခမ်းနားတွေလည်း တက်ရတာများတော့
စိတ္တဇ ဖြစ်တက်လာတဲ့ ဒီနှလုံးသား အနိစ္စရင်ခွင်ကို
ပြန်မေးမိတယ် အခုထိပေါ့….။
တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
Comment #2
နှင်းသက်ခြွေခဲ့တဲ့ နေ့ရက်တွေကြား
သက္ကရာဇ်တွေ တိုက်စားသွားရင်း
မနိုးကြားသေးတဲ့ စက်ရုပ်နှလုံးသားထဲ
လေ့ကျင့်ခန်းဝင်ရင်း စမ်းသပ်နေတုန်း
နောက်ကားတွေ ကျော်တက်လို့
အခမ်းနားတွေလည်း တက်ရတာများတော့
စိတ္တဇ ဖြစ်တက်လာတဲ့ ဒီနှလုံးသား အနိစ္စရင်ခွင်ကို
ပြန်မေးမိတယ် အခုထိပေါ့….။ ( အောက်မှာနာမည်ပြောင်းလိုက်တာလား)
Comment #3
ငိုချမိတဲ့ အတိတ်တွေရယ်
တွေ့ကြုံဖူးတဲ့ နိမိတ်တွေရယ်
အိပ်ပျော်နေတဲ့ စွယ်တော်ရွက်တွေရယ်
အိပ်မက်ပြင်လွှာမှာ သိုင်းခြုံလွှမ်းမိုးရင်း
ဘဝဇာတ်ခုံပေါ်မှာ ခုတ်မောင်းနေဆဲ…။
ကောင်းပါတယ်
Comment #1
he,,he,,
nout kar tway kyaw tat kone p naw,,
be lo loak ma le,,ko myat min.
he,,he,,lol