ကဗျာပန်းခင်း – နရီထက်
နှင်းချယ်ရီလမ်းမှာ လမ်းလျှောက်ထွက်လည်တယ်
စကားလုံးတွေနှင့် လှမ်းနှုတ်ဆက်ကြတယ်
အလှအပတွေက ကဗျာဆရာရဲ့ အိတ်ကပ်ထဲကနေ
ထွက်ကျလာတယ်
ပိတောက်တွေ ဖူးတဲ့ ဧပရယ်ရူးမှာ
တစ်ယောက်ဆို တစ်ယောက် အလှတွေ ထူးပါဘိ
စံပယ်နှင့် ခရေ မွှေးခြင်း ပြိုင်လည်း
ဖြူစင်တဲ့ နှလုံးသားကို လက်ဆင့်ကမ်းပေးပြန်တယ်
ဆူးနှင့် နှင်းဆီ ရူးနေနှင့်လည်း
ကဗျာဆရာလက်ထဲမှာ အရိုင်းပန်းမဟုတ်ဘူး
တော်ဝင်တစ်လက် ဖြစ်စေ … ရှိတယ်
သဇင်ပင်မြင့် နန်းမခလည်း
နဂိုနကိုင်း အလှတရားတွေနှင့် သူကြွယ်လေတယ်
ကဗျာဆရာရဲ့ အိတ်ကပ်ထဲမှာ
စိတ်ကူးယဉ်ဆန် အတိတ်ဟောင်းတွေ မရှိဘူး
ကိုယ့်ပိုင်စကားလုံးတွေ ရှိတယ်။ ။
နရီထက်
( ၁၉ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )
Comment #2
နှင်းချယ်ရီလမ်းမှာ လမ်းလျှောက်ထွက်လည်တယ်
စကားလုံးတွေနှင့် လှမ်းနှုတ်ဆက်ကြတယ်
အလှအပတွေက ကဗျာဆရာရဲ့ အိတ်ကပ်ထဲကနေ
ထွက်ကျလာတယ်
ပိတောက်တွေ ဖူးတဲ့ ဧပရယ်ရူးမှာ
တစ်ယောက်ဆို တစ်ယောက် အလှတွေ ထူးပါဘိ
စံပယ်နှင့် ခရေ မွှေးခြင်း ပြိုင်လည်း
ဖြူစင်တဲ့ နှလုံးသားကို လက်ဆင့်ကမ်းပေးပြန်တယ်
ဆူးနှင့် နှင်းဆီ ရူးနေနှင့်လည်း
ကဗျာဆရာလက်ထဲမှာ အရိုင်းပန်းမဟုတ်ဘူး
တော်ဝင်တစ်လက် ဖြစ်စေ … ရှိတယ်
သဇင်ပင်မြင့် နန်းမခလည်း
နဂိုနကိုင်း အလှတရားတွေနှင့် သူကြွယ်လေတယ်
Comment #5
great
Comment #6
ကဗျာလေးကောင်းတယ်ဗျာ အားပေးသွားတယ်နော်
Comment #1
ပိတောက်တွေ ဖူးတဲ့ ဧပရယ်ရူးမှာ
တစ်ယောက်ဆို တစ်ယောက် အလှတွေ ထူးပါဘိ
စံပယ်နှင့် ခရေ မွှေးခြင်း ပြိုင်လည်း
ဖြူစင်တဲ့ နှလုံးသားကို လက်ဆင့်ကမ်းပေးပြန်တယ်
ဆူးနှင့် နှင်းဆီ ရူးနေနှင့်လည်း
ကဗျာဆရာလက်ထဲမှာ အရိုင်းပန်းမဟုတ်ဘူး
တော်ဝင်တစ်လက် ဖြစ်စေ … ရှိတယ်
သဇင်ပင်မြင့် နန်းမခလည်း
နဂိုနကိုင်း အလှတရားတွေနှင့် သူကြွယ်လေတယ်….အားပေးသွားတယ်နော်…မြန်မာပြည်တောင်ပြန်လွမ်းသွားတယ်….