ဘူတာ..
ငါဟာ ဘူတာတစ်ခုပါ
ငါ့ရင်ခွင်မှာ
လူသားတွေ
ခရီးတစ်ထောက်နားသွားတာရှိမယ်
အလွမ်းဇာတ်လမ်းလေးတွေ ကျန်ခဲ့ တာရှိမယ်
ချစ်သူတွေ ပြန်လည်ဆုံဆည်းကြတာရှိမယ်
ချစ်သူတွေ ခွဲခွာခဲ့ ကြတာရှိမယ်..
ငိုခဲ့ကြ..လွမ်းခဲ့ကြ..
ဆုံဆည်းခဲ့ကြတဲ့ …
ကြားခံဘူတာ..
သေချာတာကတော့..
ငါဟာ
ဘယ်ရထား
ဘယ်ခရီးသည်ကို မှ
ကြာရှည်တွေ့ ဆုံခွင့်မရှိသူ..
အထီးကျန်ခဲ့သူပေါ့..
ဘူတာလေးငါပါပဲ..
ဆုံဆည်းလိုသူတွေအတွက်
တွေ့ ဆုံဖို့ နေရာလေးပါ
ကျန်ခဲ့သူတွေအတွက်
ခဏတာ ၀မ်းနည်စရာလေးပါ
ပြီးတော့ ..သူတို့ ပြန်သွားကြရင်
ကျန်ခဲ့တဲ့ ဘူတာလေးကတော့
ဘယ်သူမှမမြင်နိုင်ဘဲ
ခံစားမှုတွေပြည့်နေရင်း
ကျန်ခဲ့ရတဲ့ 
သနားစရာ
…”ဘူတာ“..
အို…ဘူတာရုံလေးရယ်
သူကတော့ဆုတောင်းပေးနေဆဲ
ချစ်သူတို့ ပျော်ပါစေ
ကွဲကွာသူတို့ ဆုံဆည်းပါစေ
ငိုကြွေးသူတို့ ရယ်မောနိုင်ပါစေ…
ဘူတာလေးကတော့
အထီးကျန်စွာ ။
လင်းတန်ဆောင်
20.1.2012 :1.40
Comment #3
hote,,
but ei lay can’t do.
i m afraid of leaving alone since childhood,,
i m so childish till now if i didn’t get what i want,,
if i wish,,i must own,
that’s why i say i m not perfect,,
Comment #5
ဘူတာ…ဘူတာ…
အင်း သူလည်း…အထီးကျန်သူတစ်ယောက်ပါပဲ
Comment #6
မှန်တယ်…မွမ်းခြယ်သနေတဲ့ကိုယ့်ခနာတောင်မပိုင်ဆိုင်ဘူး……
Comment #8
ကဗျာက အရေးအသား ၊ အတွေးအခေါ် ဘာမှပြောစရာမရှိဘူး
အရင်က ကိုလင်းတန်ဆောင်ကဗျာတွေမဖတ်ဖူးဘူးဗျ
ဒါပထမဦးဆုံးဖတ်ဖူးတာဘဲ
အားပေးသွားကြောင်းပါ ။
Comment #9
အားပေးသွားပါတယ်ဗျာ ဒါဟာကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
Comment #10
သိပ်ကိုအထီးကျန်ဆန် လွန်းပါတယ်
ကဗျာလေးက ချစ်စရာလေးပါ။
Comment #11
ကဗျာလေးက ကောင်းတယ်……………ကြိုက်သွားပြီ
Comment #12
i understand so well.
also feel sympthatic to the poet.
Comment #1
sate htar mon myat like tar naw,,,
a yan lae sar de,,,
ei lay tar so yin kou chit ya de thu ko lat hlut hmar ma hote bu,,
ei lay ka ta yar ma shi dot a swe a lan g de,,
ei lay ko htar ke yin dot tay hmar pe,,a hote,