The promise
ပြန်ဆုံကြမယ်ဆိုပြီး
အဲ့ သည်နေ့ က
အသည်းနှလုံးကိုယ်စီထုတ်
ကတိပြုပြီးအတူတူမြုပ်ခဲ့ ကြတယ်..
အဲ့နေ့ က ဆောင်းဦးရာသီလေးပါပဲ
သာယာတယ်လို့ ပြောလို့ ရတယ်..
အပြုံးကိုယ်စီနဲ့ 
နင်လည်း နင်သွားလိုရာ
ငါလည်း ငါသွားလိုရာ..
အသီးသီး…ခြေဦးတည့်တယ်
ဘာလိုသေးလဲ..
ကတိတစ်ခု ကို မြတ်နိုးစွာနဲ့ ထုတ်ပိုးရင်း
ကျနော်တို့  လမ်းတွေလျှောက်ခဲ့တယ်
အရောင်ဆိုတာ..
အချိန်ကြာမြင့်ရင်
လွင့်ပျံတက်တယ်… ဟုတ်ပါသလား..?
အချစ်ဆိုရင်ကော….?
ကျနော်မသိခဲ့ ရိုးလား..
လေပေါ်က စကားတွေအတွက်
ကျနော် ခံစားနေဖို့ အချိန်မပေးခဲ့ဘူး..
ကြားစကားတွေ အတွက်
ရင်ဘတ်ဖွင့်ထားဖို့ 
ဇွတ်ငြင်းခဲ့ ..
မဟုတ်ဘုး..
မဟုတ်နိုင်ဘူး… မဖြစ်နိုင်ဘူး..
ကျနော်တို့ က သိပ်ချစ်ကြတာပါ
ကျနော်တို့ က တကယ်မြတ်နိုးခဲ့ တာ…
ကျနော်နဲ့ သူက ….
…. ….. …. ။
အကြောက်အကန်နဲ့ 
ဆောင်းဦးတုန်းက
မြုပ်ထားတဲ့ 
ကတိ
နွေဦးပေါက်တစ်ခုမှာ…
ငါ
သွားကြည့်မိတော့…
………….
အသည်းအသန်
အငွေ့ ပျံနေခြင်း…။ ။
Comment #2
ဒီကဗျာလေးကိုကျွန်တော် နှစ်သက်စွာအားပေးသွားပါကြောင်း
Comment #3
သြော်….အဲလိုဖြစ်နေပြီလားဗျာ…..
ခံစားအားပေးသွားပါတယ်။
Comment #4
ူအချစ်ဒသနတစ်ခုရဲ့ evaporation အကြောင်းနဲ့တူတယ်ဗျ
အမိုက်စားတွေဘဲ ရိုက်ထားတဲ့ ကဗျာတစ်ပုဒ်ဘဲ
အားပေးသွားကြောင်းပါ ။
Comment #6
>___<
Comment #1
oh,,,,,,
sorry to know