သင်းကွဲငှက်ရဲ့ အိမ်အလွမ်း
ထမင်းဝိုင်းလေး…..
လက်ဆုံ ထမင်းဝိုင်းလေး…..
အတိအကျပြောရရင်
အိမ်မက်က ရာသီစာဖြစ်ခဲ့တာ ကြာပါပေါ့။
ရွေးချယ်ခဲ့တဲ့ ဒီလမ်း
အတိအကျပြောကြစတမ်း ဆို
အဓိက တရားခံကျနော်
ငွေ..ငွေ..ငွေ……………
အားလုံးအဆင်ပြေနိုင်ဖို့
ရယ်သံချိုချိုတွေကို ကျောခိုင်းခဲ့ရတယ်
ရင်ထဲမှာ နာလိုက်တာ အမေရယ်။
သူများတွေ မက်မောကြတဲ့ KFC လဲ
ကျနော် မသတီဘူးအမေ
“ဆန်ပေးမှ..ဆီရ”
အသက်မပါတဲ့ အပြုံးတွေ
မိသားစုမပါတဲ့ ထမင်းဝိုင်းကြား
အသက်ကြီးသွားရတာ အဓိပ္ပါယ်မဲ့တယ်။
မြိုရခက်၊ ထွေးရခက်
ကျနော် ထမင်းစားပျက်တာ ကြာပြီအမေ
အသက်ရှင်မှုသက်သက်
မြိုချခဲ့ရတဲ့ နေ့တွေ
ခါးတယ်…ခါးတယ်။
Comment #4
မျက်စိထဲ မြင်ယောင်နိုင်အောင် အရေးအဖွဲ့ က အသက်ပါတယ်..
By: NC at Jan 20, 2012
Comment #6
ကိုစိုင်းအိုက်ပီးပျောက်နေတာကြာပြီဗျ နော်
ဒီကဗျာလေး အရေးအဖွဲ့အရမ်းလှတယ် ကျောက်မဲမြို့လေးအတိုင်းဘဲ ။
By: X - ray at Jan 20, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အတိအကျပြောရရင်
အိမ်မက်က ရာသီစာဖြစ်ခဲ့တာ ကြာပါပေါ့။
ရွေးချယ်ခဲ့တဲ့ ဒီလမ်း
အတိအကျပြောကြစတမ်း ဆို
အဓိက တရားခံကျနော်
ငွေ..ငွေ..ငွေ……………
အားလုံးအဆင်ပြေနိုင်ဖို့
ရယ်သံချိုချိုတွေကို ကျောခိုင်းခဲ့ရတယ်