နက္ခဗေဒဆရာကြီး – အမောင် (တက္ကသိုလ်)
မျက်နှာမော့တည့်၊ မိုးကိုကြည့်၍
ကောင်း၏ဆိုး၏၊ အစရှိသော
ကြယ်၏ခြင်းရာ၊ အဖြာဖြာကို
သေချာစူးစမ်း၊ ကြည့်နိုင်စွမ်းလျက်
ကိုယ့်လမ်းကိုပင်၊ ကိုယ်မမြင်၍
မြေပြင်လမ်းထက်၊ ရေတွင်းပျက်ဝယ်
ဆင်းသက် ကျနစ်ရသတည်း။ ။
(ရှုမဝ၊ မေ၊ ၁၉၆၅)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မျက်နှာမော့တည့်၊ မိုးကိုကြည့်၍
ကောင်း၏ဆိုး၏၊ အစရှိသော
ကြယ်၏ခြင်းရာ၊ အဖြာဖြာကို
သေချာစူးစမ်း၊ ကြည့်နိုင်စွမ်းလျက်
ကိုယ့်လမ်းကိုပင်၊ ကိုယ်မမြင်၍
မြေပြင်လမ်းထက်၊ ရေတွင်းပျက်ဝယ်
ဆင်းသက် ကျနစ်ရသတည်း။ ။