ပြုလုပ်ခြင်းခံရသူ
နောက်ဆုံး….
အသက်ဆက်ရှင်ခွင့်လေးတစ်ခုလိုတောင်
ငါမသာယာနိုင်ခဲ့…
နေ့ ရက်တိုင်းက
အလွမ်းနဲ့ အသက်ဆက်ရဖို့ 
လက်ချိုးရေတယ်..
ဟင်အင့် ငါဆိုတဲ့ ကောင်က
အတ္တကြီးတယ်ကွယ်..
အစွဲကြီးတယ်..
ကျေးဇူးပြုပြီး..
မကစားကြပါနဲ့ 
တစ်စုံတစ်ယောက်ကြောင့်
တစ်စုံတစ်ယောက်ကို မစတေးလိုက်ပါနဲ့ 
ငါပဲ သားကောင်ဖြစ်ခဲ့ ရလို့ ပါ..
ကျနော်..မကျူးရင့်တက်ပါဘူး..
ဒီအတိုင်းလွမ်းတယ်ပြောမိရုံပါ
တော်ရုံ…
ပြုစားသွားကြပါ
အပျော်ကြံတယ်ဆိုလည်း..
အသိတော့ပေးပါနော်..
ဒီငနဲအသည်းက ..
ခပ်နုနုရယ်…
အသုံးဝင်မယ်ဆို
ပျော်တော်ဆက်ပါမယ်
ကျနော်..
ရင်ကွဲခံရလည်း…
ဒီလိုပါပဲ
တစ်ပိုင်းရူးနေတဲ့ 
အရူးတစ်ပိုင်းပါ..
လွမ်းရတယ်ဆိုတာလည်း..
တကယ်တော့..
ခါးတယ်ဗျ ။ ။
လင်းတန်ဆောင်
Comment #2
hote pa,,
hote pa,,
lu shint lu.
ka sar sa yar hote bu,,
hint,,,
By: ei lay at Jan 27, 2012
Comment #3
so much touching
hit to my heart deeply.
both poem & photo make me feel hurt.
!_!
!_!
!_!
By: ei lay at Oct 14, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နေ့ ရက်တိုင်းက
အလွမ်းနဲ့ အသက်ဆက်ရဖို့ 
လက်ချိုးရေတယ်..
ဟင်အင့် ငါဆိုတဲ့ ကောင်က
အတ္တကြီးတယ်ကွယ်..
အစွဲကြီးတယ်..
ထပ်တူခံစားအားပေးသွားပါတယ်ဗျာ