ကဗျာ၏နောက်ကွယ်က နေထိုင်ခြင်း
နေ့ချင်းပြန်လွမ်းလိုက်ရတဲ့ငါပဲ
ဟိုင်းဝေးဆန်တယ်
ဒီလိုငိုသံပါကြီးနဲ့သာဆို
ငါလည်းဒီခရီးကိုမထွက်ခဲ့ဘူး။
ဒီလမ်းမလေးရဲ့ ရည်းစားအကြောင်း
ဘေးချရပ်နားနေတဲ့
ဘဝင်နည်းနည်းနဲ့ သံယောဇဉ်
မခြားဘဲ နားခဲ့ရတယ်ပေါ့။
ငါ့ကိုစနိုက်ပါလို့ခေါ်ပါ။
ငါမလုပ်ကြံခဲ့ဘူး လုပ်ပြီးတော့လည်း မကြံခဲ့ဘူး
ငါထိန်းထားတဲ့ကြားက
ငါစိုးရိမ်နေတဲ့ကြားက
ငါချောင်းကြည့်နေတဲ့ကြားက
မတော်တဆ လွတ်ကျသွားတာ
ငါ့ကို ငါ့တစ်ယောက်စာလောက်
ယုံကြည်ပေးပါ။
အရှည်မြန်တဲ့ မျှော်လင့်ချက်နှင့် နေထိုင်ခြင်း
အာဒမ်မမြင်တွေ့ခဲ့တဲ့ သူမရဲ့အဓိပ္ပါယ်
ကဗျာ ကဗျာ ကဗျာ
အသက်ရှူတတ်တဲ့ ကဗျာလေး
ကျနော့်ကိုပေးပါ။
ချိုပါတယ်လို့ ကိုယ့်အဆိပ်နဲ့ကိုယ်
ခံတွင်းတွေ့ပစ်လိုက်ရသလိုမျိုး…
ကဗျာ + မလေး = ကဗျာ မလေး
ကဗျာ = ဒဏ်ရာ
ဒဏ်ရာ + မလေး = ခေါင်းငုံ့ မျက်နှာလွှဲ/လွဲ
ဒီအတိုင်းဆို…
ပင်လယ်ကိုပဲ ဖုန်သုတ်ပြီးကြည့်ကြစို့
ကျောက်ဆောင်တို့တဒိတ်ဒိတ်အသံကို
ငါတို့ဘာလို့နားထောင်နေဦးမှာလဲ။
နေပိုင်
(P.S – ကဗျာမလေးကို ပေးပေးပါ)
Comment #1
ငါ့ကို ငါ့လက်တစ်ခုပ်စာလောက်ပဲ ယုံကြည်ပေးပါ
(P.S ကဗျာမလေးရဲ့ လိပ်စာမပါဘူး .. ဘယ်ကိုပို့ပေးရမလဲ .. :P)