ထောင့်ကျဉ်း
ချောင်ပိတ်မေးခွန်းတွေ ထပ်မမေးပါနဲ့..
ငါကိုယ်တိုင်တောင်
ဒီနံရံထောင့်ကျဉ်းထဲက
ထွက်ပေါက် မရှိသေးဘူး..
နင် ပြုံးချင်ပြုံး..
နင် မုန်းချင် မုန်း.
ကြိုက်ရာလက်နက်သာ သုံးပါတော့..
သတ္တိတွေ ဘယ်ပျောက်ဆုံးသွားလဲ
စကားလုံးတွေ ဘယ်ရောက်သွားလဲ
ငါ့ကိုယ်ငါတောင် မသိခဲ့ဘူး..
မစွပ်စွဲလိုပါဘူး..
ဒါပေမဲ့..
လွတ်ရက်မရှိ အကျဉ်းသားကို
ကြိုးမိန့်ချသွားသူက
…
နင် ကိုယ်တိုင်ပါပဲ..
Comment #2
မစွပ်စွဲလိုပါဘူး..
ဒါပေမဲ့..
လွတ်ရက်မရှိ အကျဉ်းသားကို
ကြိုးမိန့်ချသွားသူက
…
နင် ကိုယ်တိုင်ပါပဲ..
good…လိုက်တာဗျာ….
By: poem.poem28 at Jan 24, 2012
Comment #3
wow,,,,,,,,,,,,
so smart
By: ei lay at Jan 24, 2012
Comment #5
လွတ်ရက်မရှိအကျဉ်းသား ကြိုးမိန့်ကျတယ်တဲ့လားဗျာ ဆိုးလိုက်တာ 🙁
ကဗျာစာသားလေးတွေက ရိုးရိုးရှင်းရှင်းနဲ့ဖတ်လို့ကောင်းသဗျ ~~
With respect,
RAY
By: X - ray at Dec 19, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ချောင်ပိတ်မေးခွန်းတွေ ထပ်မမေးပါနဲ့..
ငါကိုယ်တိုင်တောင်
ဒီနံရံထောင့်ကျဉ်းထဲက
ထွက်ပေါက် မရှိသေးဘူး..