စိတ်အစာမကြေခြင်းများ
စိတ်အစာမကြေခြင်းများ
ညကို ဆားခတ်ပြီး သိပ်ထားလိုက်တယ်
နေရောင်ခါးခါးနဲ့ ကောင်းကင်ကျစိမ့်တခွက်
ငွေတောင်ဆေးပေါ့လိပ် တစ်လိပ် ပေးပါ
စိတ်ကို မီးညှိပြီး ဆေးလိပ်ကို ပျော်အောင်ထားလိုက်ပြီ
ခံတွင်းကတော့ ချဉ်နေတုန်းပဲ
ဘာမှမသိဘဲလည်း စာဖတ်နေလိုက်ပါ
ဒီနေ့စာအုပ်ဈေးကွက် အုပ်ရေ ၂၀၀၀ ပေါ့
ဈေးကြီးကြီးပေးဝယ်ရတဲ့ အသိဆိုတာ
ကိုယ်တွေ့ဖြစ်ရပ်တွေပါပဲ
ဘယ်လိုလူမျိုးကမှ ကိုယ့်ကိုကိုယ်ထက် ပိုမခံစားတတ်ကြဘူး
စာလုံးပေါင်းမှားနေတာတွေ ပြင်မနေနဲ့
ကိုယ်တိုင်တီထွင်ရေးတာဆိုတဲ့ ယနေ့ခေတ် ဘတ်ဆဲလား
မနေ့ကမှ ၁၈ နှစ်ပြည့် မွေးနေ့ကျင်းပသတဲ့
ကောင်းကင်မှာ အိုဇုန်းလွှာပေါက်တာ တို့တွေ မဖာဘဲထားလိုက်တော့
ငါနဲ့မှ မဆိုင်တာ သူ့ဟာသူ ဖြစ်ချင်ရာဖြစ်
သမိုင်းဆိုတာ ပြင်ရေးတတ်ဖို့ ကလောင်တွေ ဓားသွေးကျောက်ပေါ်တင်စို့
ငါ ဘာကောင်လဲသိလားတဲ့
ကိုယ့်ကိုကိုယ်တောင် ဘာကောင်မှန်း မသိတဲ့ကောင်ကို
ကျုပ်က အကောင်သတ်မှတ်ပေးရဖို့ တာဝန်ရှိသလားဗျာ
မြန်မာအဘိဓာန်စာအုပ်လေး ဘေးမှာချ
လက်ဝါးကို ပါးစပ်ရှေ့ကာ မျက်လုံးကို မှေးစင်း
သန်းဝေခြင်းအမူအရာကို မတတ်တတတ် လုပ်ပြလိုက်ပါ၏
ခေါင်းမှာ ဖိနပ်စွပ်ထားတဲ့ ငနဲတွေ တွေ့တယ်
ကိုယ့်ခြေထောက်ကိုယ် လမ်းဘေးချ
ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်ရမယ် မဟုတ်လား
ဦးထုပ်ကို တော် မတော် ဆောင်းမကြည့်တော့ဘူး
နေလုံဖို့ဆိုတာ နေပူထဲ မထွက်လည်း ဖြစ်တာပဲ
ဘယ်မှရောက်ဖို့မလိုလို့ ဘယ်ကိုမှ မသွားတော့ဘူး
တခုတော့ ရှိတာပေါ့ဗျာ
ရပ်နေတယ်ဆိုတာ နောက်ကို သွားနေတာနဲ့ အတူတူပဲဆိုတာ
သိသိကြီးနဲ့ လက်တွေကို ရှေ့ထုတ်ဖို့ မေ့ပစ်ထားရတာပေါ့။
ချီရွန် ( ပုလဲ )
Comment #3
တခုတော့ ရှိတာပေါ့ဗျာ
ရပ်နေတယ်ဆိုတာ နောက်ကို သွားနေတာနဲ့ အတူတူပဲဆိုတာ
သိသိကြီးနဲ့ လက်တွေကို ရှေ့ထုတ်ဖို့ မေ့ပစ်ထားရတာပေါ့။
………..
အစာမကြေ..တာ……
…
အားပေးနေတယ်ဗျ

Comment #4
ဘယ်မှရောက်ဖို့မလိုလို့ ဘယ်ကိုမှ မသွားတော့ဘူး
ကောင်းတယ်ဗျို့ ..

Comment #5
နေလုံဖို့ဆိုတာ နေပူထဲ မထွက်လည်း ဖြစ်တာပဲ
ဘယ်မှရောက်ဖို့မလိုလို့ ဘယ်ကိုမှ မသွားတော့ဘူး
တခုတော့ ရှိတာပေါ့ဗျာ
ရပ်နေတယ်ဆိုတာ နောက်ကို သွားနေတာနဲ့ အတူတူပဲဆိုတာ
သိသိကြီးနဲ့ လက်တွေကို ရှေ့ထုတ်ဖို့ မေ့ပစ်ထားရတာပေါ့။
တကယ်ကိုလန်းတယ်….ဗျာ ကောင်းမြဲ…ကောင်းဆဲ…။

Comment #6
ဘာမှမသိဘဲလည်း စာဖတ်နေလိုက်ပါ
ဒီနေ့စာအုပ်ဈေးကွက် အုပ်ရေ ၂၀၀၀ ပေါ့
ဈေးကြီးကြီးပေးဝယ်ရတဲ့ အသိဆိုတာ
ကိုယ်တွေ့ဖြစ်ရပ်တွေပါပဲ
ဘယ်လိုလူမျိုးကမှ ကိုယ့်ကိုကိုယ်ထက် ပိုမခံစားတတ်ကြဘူး

Comment #1
ဈေးကြီးကြီးပေးဝယ်ရတဲ့ အသိဆိုတာ
ကိုယ်တွေ့ဖြစ်ရပ်တွေပါပဲ
ဘယ်လိုလူမျိုးကမှ ကိုယ့်ကိုကိုယ်ထက် ပိုမခံစားတတ်ကြဘူး
ခေါင်းမှာ ဖိနပ်စွပ်ထားတဲ့ ငနဲတွေ တွေ့တယ်
ကိုယ့်ခြေထောက်ကိုယ် လမ်းဘေးချ
ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်ရမယ် မဟုတ်လား
ဦးထုပ်ကို တော် မတော် ဆောင်းမကြည့်တော့ဘူး
နေလုံဖို့ဆိုတာ နေပူထဲ မထွက်လည်း ဖြစ်တာပဲ
ဘယ်မှရောက်ဖို့မလိုလို့ ဘယ်ကိုမှ မသွားတော့ဘူး
ခင်မင်စွာအားပေးလျှက် . . .
ကိုသျှား