လမင်းရဲ့အနိုင်ပွဲ
* လမင်းနဲ့ ကြယ်တာရာ မိတ်ဖွဲ့တဲ့ပွဲမှာ
တိမ်စိုင်တွေက တပြိုင်တည်း ကောင်းချီးပေးနေပေါ့။
* ဒီကောင်းချီးပေးပွဲကိုတက်ရောက်ဖို့
နေမင်းကြိးကလဲ အပြေးအလွှားအာရုံတက်မှာပွဲတက်ဖို့ခရီးစနှင်လေရဲ့။
* စကြာဝဌာအပေါင်းတို့တိတ်ဆိတ်ငြိမ်သက်နေဆဲ
ကမ္ဘာကြိးရဲ့ အသက်ရှုသံတောင်မ၀ံမရဲပေါ့။
* လမင်းကြီး ကတော့သူ့ရဲ့ကြီးကျယ်ခမ်းနားမှု့ကို အလုပ်နဲ့သက်သေပြသွားတော့
ကြယ်လေးတွေက၀န်းရံပီးဦးညွှတ် ဂုဏ်ပြုရတာပေါ။
*လမင်းရဲ့အေးချမ်းမှု့ ၊ အမှောင်ထုက်ုဖောက်ထွင်းပီး အစွမ်းကုန်
လင်းနိုင်ခဲ့တဲ့ဂူဏ်စွမ်းရည်တွေ ကိုအားလုံးသောသူတွေက မတားဆီးန်ုင်
မပိတ်ပင်နိုင်ပဲ၊သူရှေ့ဦင်္းညွှတ်ရှာရတယ်။
* စကြာဝဌာအပေါင်း၊ ဦးညွှတ်ခစားရသောလဲ ပဲလမင်းမှာတော့ မောဟဆိုတဲ့မြူတမှုန်၊
ဒေါသဆိုတဲ့အရာ၊ လောဘဆိုတဲ့အရာကို လစ်လျှုရူပီး ၊ ကမ္ဘာလူသားအပေါင်းတို့တွက်သူ့
အလင်းကိုအစွမ်းကုန် လင်းမြဲလင်းဆဲပါ။
* လမင်းရေ မင်းတွက် ဒို့မြန်မာပြည်သူပြည်သားတွေကလဲ ဂုဏ်ယူဆဲပါ။
လမင်းရေဒီထက်အောင်မြင်ပါစေ…..
Comment #4
အမ….ကောင်းတယ်…
good..
Comment #1
အမရေ…..
အရမ်းကောင်းတဲ့ကဗျာလေးပါဗျာ
အားပေးသွားပါတယ်……ဒီကဗျာကို ခုလိုမနက်စောစော
ဖတ်လိုက်ရတာ အရမ်းကို ပျော်မိတာပဲ
(ရွှေကြယ်မိုး)